ရန်ကုန်တိုင်းဒေသကြီး

ပုဇွန်တောင်မြို့နယ်၌ ဒီဇင်ဘာအားကစားလ အထိမ်းအမှတ် သုံးယောက်တွဲ (အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ဒီဇင်ဘာအားကစားလအထိမ်းအမှတ် သုံးယောက်တွဲ (အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က အမှတ်(၁၀)ရပ်ကွက် ၅၂ လမ်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၌ ဒီဇင်ဘာအားကစားလ ဒုတိယပတ်လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၌ ဒီဇင်ဘာအားကစားလ ဒုတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကို ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်တွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

သာကေတမြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲအချိန်က သာကေတမြို့နယ်အခွန် ဦးစီးဌာနမှူးရုံး၌ ကျင်းပခဲ့သည်။

မရမ်းကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန် MEVM မဲပေးစက်များ ရောက်ရှိနေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် ၅ ရပ်ကွက်၊ နဂါးရုံဘုရားလမ်းရှိ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနရုံး၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန် MEVM မဲပေးစက်များ installation ပြုလုပ်နေမှု့ကို ယနေ့နံနက်ပိုင်းက မရမ်းကုန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်သက်ခိုင်နှင့်အဖွဲ့ဝင်များမှ လာ‌ရောက်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

တွံတေးမြို့နယ်၌ မွေးမြူရေးလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ တွံတေးမွေးမြူရေးဇုန် စီမံခန့်ခွဲရေးကော်မတီ (EC)ရုံး၌ တွံတေးမွေးမြူ‌‌ရေးဇုန်အတွင်း မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ပက်သတ်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲပါဝင်ယှဉ်ပြိုင်မည့် စစ်တုရင် အားကစားအဖွဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာ

၂၀၂၅ ခုနှစ်  ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စစ်တုရင် အားကစားနည်းမှ အားကစားသမား(၈)ဦး တို့သည် ယမန်နေ့နံနက် ၆ နာရီတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာသွားရာ အဆိုပါအားကစားအဖွဲ့ကို အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များလိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ ကြောင်းသိရသည်။

ကျောက်တံတားမြို့နယ် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်ရေး မြန်မာအီလက်ထရောနစ်မဲပေးစက်များ တပ်ဆင်ပုံသရုပ်ပြ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၂၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ရာ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) များ တပ်ဆင်ပုံအဆင့်ဆင့် သရုပ်ပြသခြင်းကို ယမန်နေ့ညနေပိုင်းက ဆူးလေဘုရားလမ်းရှိ ဟိုတယ်နှင့်ခရီးသွားလာရေး အဆောက်အဦ၌ ကျင်းပခဲ့သည်။

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်မဲရုံများအဖြစ် ဆောင်ရွက်ထားရှိမည့်နေရာများအား  မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနက ဆောင်ရွက်လျက်ပေးရှိရာ စိုက်မွေး (၁+၂) ရပ်ကွက်နှင့် လေးထောင့်ကန်ရပ်ကွက်တို့တွင်လည်း ယမန်နေ့နံနက် (၉) နာရီ (၃၀)မိနစ်မှစတင်ကာ  ဆက်လက်ဆောင်ရွက်ကြ‌ကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်တွင် အသက်၉ နှစ်မှ ၁၈ နှစ်သီလရှင် ဆရာလေးများအား HPV သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊  စမ်းချောင်း မြို့နယ်တွင် ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲ (၁)နာရီက  ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက စမ်းချောင်းမြို့နယ် မုန့်လုပ်ဆောင်းကုန်း (တောင်) ရပ်ကွက်၊ သုခိတာရာမ မြန်အောင်သီလရှင် စာသင်တိုက်၌ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ​၂၀၂၅ ခုနှစ် ဒီဇင်ဘာအားကစားလှုပ်ရှားမှု မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲများကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၁၆၈)ရပ်ကွက်၊ အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ အားကစားလှုပ်ရှားမှု မြို့နယ်အဆင့် ပြေးခုန်ပစ်ပြိုင်ပွဲများအား ဒီဇင်ဘာ ၁၃ ရက်နံနက် ၇ နာရီက ကျင်းပခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး