မန္တလေးတိုင်းဒေသကြီး

မဟာအောင်မြေမြို့နယ်၌ ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲစတင်ဖြေဆို

‎မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်တွင် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီက မစိုးရမ်တိုက်သစ်၌ ကျင်းပသည်။

ချမ်းမြသာစည်မြို့နယ်၌ နွေရာသီကျောင်းပိတ်ချိန်တွင် ယဥ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ နွေရာသီကျောင်းပိတ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူလေးများ အသိပညာ၊ အတတ်ပညာသာမက ကိုယ်ကျင့်တရားနှင့် ယဉ်ကျေးမှု မြင့်မားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ လိမ္မာရေးခြားရှိစေရန် ရည်ရွယ်၍ ယဥ်ကျေးလိမ္မာသင်တန်းများဖွင့်လှစ်လျက်ရှိရာ ယနေ့နံနက် ၉နာရီက ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်အမှတ်(၅)ရပ်ကွက်ရှိ ရွှေဘုန်းရောင်ဓမ္မာရုံတွင် သင်ကြားလျက်ရှိသည်။

ပျော်ဘွယ်မြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲကျင်းပ

မန္တလေးတိုင်းဒေကြီး၊ ပျော်ဘွယ်မြို့နယ်၌ သာသနာရေးဦးစီးဌာနမှ ကျင်းပသည့် ၂၀၂၆ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၉ ရက်၊ နေ့လည် ၁၂ နာရီက ရှမ်းပွဲရပ်ကွက်ရှိ မြို့နယ်ရာပြည့်သာသနာ့ဗိမာန်တော်တွင် စတင်ဖြေဆိုကျင်းပလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကျင်းပသည့် ၂၀၂၆ ခုနှစ်၊  ပါဠိပထမပြန်စာမေးပွဲကို မတ် ၂၉ ရက် မွန်းတည့် ၁၂ နာရီက ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးအတွင်းရှိ နန်းအိမ်သူဓမ္မဗိမာန်၌ ကျင်းပ‌သည်။

ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲ သတ္တမနေ့ ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်တောင်းမြို့နယ်၌ ကျင်းပလျက်ရှိသည့် ၂၀၂၆-ခုနှစ်၊ အစိုးရ ပါဠိ ပထမပြန် စာမေးပွဲ သတ္တမနေ့ကို မတ် ၂၉ ရက် မွန်းတည့် ၁၂ နာရီက ဘူတာရပ်ကွက်ရှိ မြို့နယ်လုံးဆိုင်ရာ ဓမ္မဗိမာန်တော်ကြီး၏ အပေါ်ထပ်နှင့် အောက်ထပ်တို့တွင် ဆက်လက်ဖြေဆိုလျက်ရှိကြရာ၊ မြို့နယ်သံဃနာယကအဖွဲ့အတွင်းရေးမှူး ဆရာတော်နှင့် အဖွဲ့ဝင်ဆရာတော်များက အနီးကပ် ကြီးကြပ်ပြီး၊ မြို့နယ်သာသနာရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ စာမေးပွဲဖြစ်မြောက်ရေး အကျိုးတော်ဆောင်အဖွဲ့များက စာဖြေသံဃာများ၊ သီလရှင်ဆရာလေးများ အဆင်ပြေအေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ပေါက်ခေါင်းမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲ စတင်ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ ပထမနေ့ကို အ.ထ.က(ပေါက်ခေါင်း)ကျောင်း ရွှေရတုခန်းမ၌ ယမန်နေ့ မွန်းတည့် ၁၂နာရီမှ ညနေ ၃ နာရီအထိ ကျင်းပသည်။

ကျောက်ဆည်မြို့ရှိ ကျန်းမာရေးဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများအတွက် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ  ပြည်သူများ စားဝတ်နေရေးအထောက်အပံ့ရရှိစေရန် အထွေထွေရောဂါကုပြည်သူ့ဆေးရုံဝင်းအတွင်း၌ မတ် ၂၉ ရက် နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် ၁၆၀ ကျော်အတွက် ပြည်သူ့သက်သာဈေးဖွင့်လှစ်၍ ဈေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များအား  ရောင်းချပေးခဲ့ကြောင်း သိရသည်။

မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့ခြင်း တစ်နှစ်ပြည့်သည့်အထိမ်းအမှတ် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခြင်းနှင့် ပရိတ်ရေများ ပက်ဖျန်းခြင်း ပြုလုပ်

မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့ခြင်း တစ်နှစ်ပြည့်သည့်အထိမ်းအမှတ်အဖြစ် ယမန်နေ့နံက် ၁၀ နာရီက ကျောက်ဆည်မြို့ ရန်ကုန်-မန္တလေးကားလမ်းကြီးနှင့် မြို့တွင်းရပ်ကွက်လမ်းများ၌ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် ပရိတ်ရေများပက်ဖျန်းခြင်းအခမ်းအနား ကျင်းပကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၌ ဓမ္မာစရိယစာမေးပွဲဓမ္မသင်္ဂဏီကျမ်း (ဒုတိယနေ့) နောက်ဆုံးရက်ဖြေဆို

၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို မဟာအောင်မြေမြို့နယ် အ.ထ.က (၁၃) ကျောင်း စာဖြေဌာန၌ မတ် ၂၇ ရက်နေ့ မွန်းလွဲပိုင်းက (ဒုတိယနေ့) နောက်ဆုံးရက်ဖြေဆိုကျင်းပသည်။

ပြည်ကြီးတံခွန်မြို့နယ် popy မုန့်မျိုးစုံထုတ်လုပ်ရေးစက်ရုံ၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်

မန္တလေးတိုင်း‌ဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများမဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် မတ် ၂၈ ရက်နေ့ နံနက်ပိုင်းကစတင်၍ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် Popy မုန့်မျိုးစုံထုတ်လုပ်ရေးစက်ရုံ၌ မီးဘေး‌ဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး