မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်မြို့နယ်၌ အိမ်တွင်းလျှပ်စစ်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းခြင်း၊ ရွှေ့လျားကာလတို သင်တန်းဆင်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အရှေ့ငယ်တိုးစံပြကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)မှ ဖွင့်လှစ်ခဲ့သောအိမ်တွင်းလျှပ်စစ်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းခြင်း၊ ရွှေ့လျားကာလတို သင်တန်းဆင်းပွဲအခမ်းအနားကို ဇွန် ၂၀ ရက်နေ့ နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများ လစဉ်ပုံမှန်ထုတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ဇွန်လအတွက် ပင်စင်လစာငွေများကို ဇွန် ၂၂ ရက် နံနက် ၅ နာရီက စတင်၍ ထုတ်ပေးလျက်ရှိရာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာလာရောက်ထုတ်ယူရာတွင် အခက်အခဲမရှိ လွယ်ကူ အဆင်ပြေစွာထုတ်ယူနိုင်ရန် အတွက်ဘဏ်ဝန်ထမ်းများက စီစဥ်ဆောင်ရွက်ပေးလျက်ရှိသည်။

မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါး ဆိုးကျိုးများအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မူးယစ်ဆေးဝါး ဆိုးကျိုးများအကြောင်း အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ် ပြပွဲကို ဇွန်လ ၂၀ ရက်မွန်းလွဲ ၁ နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများအား မီးဘေးလုံခြုံရေးစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မီးလောင်မီးလန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက စတင်၍ မြို့နယ်မီးသတ် ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ သန္ဓေတပ်ဖွဲ့၀င် (၅)ဦး နှင့် စက်မှုဇုန်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများအား မီးဘေးလုံခြုံရေးစစ်ဆေးခဲ့သည်။

စဉ့်ကိုင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှကြီးမှူး၍ သစ်ပင်များစိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေလာစေရန်၊ ဒေသတွင်းအပူချိန်လျော့ကျလာစေရန်၊ ဂေဟစနစ် တည်ငြိမ်လာစေရန်၊ ပြည်သူများ သစ်ပင်စိုက်ပျိုးလိုစိတ်များ ဖြစ်ပေါ်လာစေပြီး သစ်တောသစ်ပင်များအား ချစ်ခင်တန်ဖိုးထားတက်လာစေရန်နှင့် သစ်တောသစ်ပင်စိုက်ပျိုးခြင်းဖြင့် ဒေသခံပြည်သူများ အကျိုးကျေးဇူးများ ရရှိခံစားနိုင်စေရန် ရည်ရွယ်ကာ ၂၀၂၆ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို စဉ့်ကိုင်မြို့နယ်၊ ရွာဟောင်း‌ကုန်းကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေး ကားလမ်းမကြီးဟောင်း မိုင်တိုင်အမှတ် (၃၈၄/၃)အနီး၌ ဇွန်လ ၂၁ရက် နံနက် ၇:၃၀အချိန်က ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင် တက်ရောက်စိုက်ပျိုး‌ပေးခဲ့ကြောင်း သိရသည်၊

ဝမ်းတွင်းမြို့နယ်၌ သမဝါယမအသင်းသားများ စိုက်ပျိုးထားရှိသည့် နွေစပါးစိုက်ခင်းများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ သမဝါယမအသင်းသားများ စိုက်ပျိုးထားရှိသည့် နွေစပါးစိုက်ခင်းများအား တာဝန်ရှိသူများက ယမန်နေ့က အင်းခမ်းကြီးကျေးရွာတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ် ကျတ္တီးကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကန်သစ်ကျေးရွာအုပ်စု ကျတ္တီးကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာရှိ အောင်တော်မူစေတီဓမ္မာရုံတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်တွင် တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်း ကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်ကျင်းပ

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ မန္တလေးတိုင်းဒေသကြီး၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းပြုလုပ်သော “တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်”ကို ယနေ့နံနက် (၉:၀၀) နာရီက ပြင်ဦးလွင်မြို့နယ်၊ ဆင်ဖြူအင်းကျေးရွာရှိအခြေခံပညာမူလတန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။ 

သာစည်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အထက်တန်းနှင့်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းနှင့်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများကို ယမန်နေ့က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၌ Placement Test အထူးအစီအစဉ်ဖြေဆိုပြီးစီး

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ ကျောင်းပြင်ပသို့ရောက်ရှိခဲ့သည့် ကျောင်းနေအရွယ်ကလေးများအား ကျောင်းသို့ပြန်လည်ရောက်ရှိရေးအတွက် Placement Test အထူးအစီအစဉ်ဖြင့် အရည်အချင်း စစ်ဆေးခြင်းကို မဟာအောင်မြေမြို့နယ်တွင် အ.ထ.က(၁၃)ကျောင်းတွင် ဇွန် ၁၅ ရက်မှ စတင်၍ဆောင်ရွက်ပေးခဲ့ရာ ယနေ့ ဇွန်လ ၂၀ ရက်နေ့တွင် ‌ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုပြီးခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး