မန္တလေးတိုင်းဒေသကြီး

စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာ မူးယစ်‌ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို)အဖြစ် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ ‌မူးယစ်အန္တရာယ်နှင့် ပတ်သက်သည့် ဆိုးကျိုးများကို သိရှိစေရန် ရည်ရွယ်ကာ အသိပညာပေး ဟော‌ပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်‌ခဲ့သည်။

ကျောက်ဆည်မြို့၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သုံးထပ်ဆောင်ခန်းမတွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပုံပြော၊ ကဗျာရွက်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး ယနေ့နံနက်(၁၀)နာရီက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ် စာစောင်ပြသပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်းကော်မတီ အစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ လုပ်ငန်းကော်မတီအား ၉ ဦးဖြင့် ဖွဲ့စည်းထားပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အထက(စဉ့်ကိုင်)၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အထက (စဉ့်ကိုင်) ကျောင်းဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ ၂၁ ရက် နံနက် ၉ နာရီက အဆိုပါကျောင်းရှိ သဇင်ခန်းမ၌ ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ပြင်ဦးလွင်မြို့တွင် မြို့မဈေးကြီး ဈေးသမဝါယမအသင်းလီမိတက်၏ ၂ဝ၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အတွက် အသင်းသား၊ အသင်းသူများအား အစုပေါ်အမြတ်ငွေနှင့် စုဆောင်းငွေပေါ် အကျိုးအမြတ် ငွေများပေးအပ်ပွဲအခမ်းအနားကျင်းပ   

(၁၀၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မြို့မဈေးကြီး ဈေးသမဝါယမအသင်းလီမိတက်၏ ၂ဝ၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အသင်းသား၊ အသင်းသူများအား အစုပေါ်အမြတ်ငွေနှင့် စုဆောင်းငွေပေါ် အကျိုးအမြတ်ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီကပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၆)ရှိ မြို့မဈေးကြီး ဈေးသမဝါယမအသင်း ရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

 မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်တွေ့ဆုံပွဲကျင်းပ

မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ ကန်တော်မင်္ဂလာခန်းမ၌ကျင်းပခဲ့ရာ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူငယ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးစစ်နိုင်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မန္တလေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဦးစိုင်းအောင်ကြည်နှင့်  လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မိတ္ထီလာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ တက္ကသိုလ်/ဒီဂရီ/ကောလိပ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ၊ စက်မှုအထက်တန်းကျောင်း၊ စက်မှုလက်မှုသိပ္ပံနှင့် သူနာပြုသင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ကြက်ခြေနီလူငယ်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျေးရွာလူငယ်များ၊ ပြည်ခိုင်ဖြိုးလူငယ်များ၊ ပရဟိတလူငယ်များနှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်လူငယ်များ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်နှင့် တာဝန်ရှိသူများသည် မိတ္ထီလာမြို့နယ် စံပြရှေ့ပြေးဥပဒေရုံး(Pilot Law Office) အသစ် သတ်မှတ်ဖော်ဆောင်ခြင်းနှင့် ယခင်စံပြရှေ့ပြေး ဥပဒေရုံးများအား ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ဥပဒေရေးရာဝန်ကြီးဌာနလက်အောက်ရှိ မြို့နယ်ဥပဒေရုံး ၁၀ ရုံးအား ပြည်သူ့အကျိုးရည်မှန်း၍ စံပြရှေ့ပြေး ဥပဒေရုံးများအဖြစ် သတ်မှတ်တိုးချဲ့ဖွဲ့စည်းရန် လတ်တလော လျာထားခဲ့ပြီး နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ဇမ္ဗူသီရိမြို့နယ်ဥပဒေရုံး၊ ဥတ္တရသီရိမြို့နယ်ဥပဒေရုံး၊ ဒက္ခိဏသီရိမြို့နယ်ဥပဒေရုံးနှင့် ပုဗ္ဗသီရိမြို့နယ်ဥပဒေရုံးတို့ကို ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်နေ့ကလည်းကောင်း၊ မေလ ၂၂ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တောင်ငူမြို့နယ်ဥပဒေရုံးနှင့် ပဲခူးမြို့နယ်ဥပဒေရုံးတို့အားလည်းကောင်း၊ မေလ ၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စမ်းချောင်းမြို့နယ် ဥပဒေရုံး၊ သာကေတမြို့နယ်ဥပဒေရုံးနှင့် အလုံမြို့နယ်ဥပဒေရုံးတို့အားလည်းကောင်း စံပြရှေ့ပြေး ဥပဒေရုံးများအဖြစ် တိုးချဲ့သတ်မှတ်၍ ဖော်ဆောင်ပေးခဲ့ပြီး ဖြစ်သည်။ ယခုအခါ စံပြရှေ့ပြေး ဥပဒေရုံး သတ်မှတ်ဖော်ဆောင်ခြင်း ဆောင်ရွက်ပြီးသည့် ဥပဒေရုံး စုစုပေါင်း (၃၇)ရုံး ရှိပြီးဖြစ်သည်။

ဗထူးမိုးလုံလေလုံအားကစားရုံ၌ ၂၀၂၆ ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ်ဝူရှူး(ထောက်လု) ဖိတ်ခေါ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ မြန်မာနိုင်ငံဝူရှူးအဖွဲ့တို့ပူးပေါင်းကျင်းပသော ၂၀၂၆ ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ် ဝူရှူး(ထောက်လု) ဖိတ်ခေါ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် ဗထူးမိုးလုံလေလုံအားကစားရုံ၌ ယနေ့ဇွန် ၂၁ ရက်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ညောင်ဦးမြို့ ကိုဇေ Cozy Bagan Hotel မှ ကျောင်းသား၊ ကျောင်းသူ ၉၄၆ ဦးတို့အား သင်ထောက်ကူပစ္စည်းများပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ပုဂံမြို့ဟောင်း၊ပုဂံမြို့သစ်တို့မှ အခြေခံပညာကျောင်းများသို့တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား ဇွန် ၂၀ ရက်နံနက် ၁၀ နာရီခွဲက သင်ထောက်ကူပစ္စည်းများပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး