ဘိုကလေးမြို့မဈေးကြီးအတွင်း မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအား မီးဘေးလုံခြုံရေးအတွက် ဧပြီ (၂၆) ရက်နေ့ ညနေပိုင်း၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများက ဈေးကြီးအတွင်း မီးဘေးလုံခြုံရေးအတွက် စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး ဈေးသူ/သားများအား မီးဘေးလုံခြုံရေး အသိပညာပေး လမ်းညွှန်မှုများ မှာကြားခဲ့ကြသည်။