ကျွန်းစုမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ ကျန်ရှိမှုမရှိစေရေး တတိယအကြိမ် မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင်မဲဆန္ဒရှင်ပြည်သူများ ကျန်ရှိမှုမရှိစေရေးနှင့် မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက် တတိယအကြိမ် မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းကို ယမန်နေ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။