တနင်္သာရီတိုင်းဒေသကြီး

ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ ဒေသခံပြည်သူများအား ကော်ဖီနှင့်ကိုကိုးပျိုးပင်များ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ ဒေသခံပြည်သူများအား ကော်ဖီနှင့်ကိုကိုးပျိုးပင်များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီမြို့နယ် အမျိုးသမီးရေးရာအဖွဲ့က မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အမျိုးသမီးရေးရာအဖွဲ့ ဝတ်စုံနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတူညီဝတ်စုံများ ပေးအပ်ပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အမျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်စုဝင်းက ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုခြင်း အထိမ်းအမှတ်အဖြစ် အမျိုးသမီးရေးရာအဖွဲ့ဝတ်စုံနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း တူညီဝတ်စုံများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂) နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ကျင်းပပြုလုပ်ကြောင်း သိရသည်။

ထားဝယ်မြို့တွင် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ဆောင်ပုဒ် စာစီစာကုံး ရေးဖြေစာမေးပွဲကျင်းပ

(၁၀၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများနှင့် ထားဝယ်မြို့နယ်၊ ကောင်းလုံးမြို့နယ် သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း (၂၃) ဦးတို့က သမဝါယမနည်းဥပဒေနှင့် ဝန်ထမ်းခွင်စည်းကမ်း ဘာသာရပ်များ၊ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ဆောင်ပုဒ် စာစီစာကုံးများအား ဌာနတွင်းရေးဖြေ စာမေးပွဲ ကျင်းပခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး စက်မှုဇုန်များ ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သရက်ချောင်းမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြဇာတ် တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မုန်တိုင်းအန္တရာယ်နှင့် အခြားသောသဘာဝဘေးအန္တရာယ်များ ကျ‌ရောက်လာရပါက အထိရောက်ဆုံးနှင့် အမြန်ဆုံး ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ယမန်နေ့က သရက်ချောင်းမြို့၊ (အ-ထ-က) သရက်ချောင်းကျောင်း၌ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာ‌ပေး ဟောပြောခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့တွင် ဒေသဝမ်းစာ ဖူလုံစေရန်နှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရန်အတွက် မျိုးစပါးများနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ဒေသဝမ်းစာဖူလုံစေရန် ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာအတွက် မျိုးစပါး၊ ကွန်ပေါင်းဓါတ်မြေဩဇာ၊ သဘာဝမြေဩဇာများနှင့် မိုးစပါး စိုက် အကျိုးဆောင် တောင်သူများအား ပန်းတိုင်အထွက်နှုန်းရရှိစေရန် မျိုးစပါးများကို ယမန်နေ့ မွန်းလွှဲပိုင်းက ‌ညောင်ဘီးကျေးရွာ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

ပုလောမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်‌ရေးအတွက် အဘိတ်ဆေးခတ်ခြင်းများ ကွင်းဆင်းဆောင်ရွက်

ပုလောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ပုလောမြို့ပေါ်ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေး ရောဂါကင်းဝေးစေရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သည့် ပတ်ဝန်း ကျင်တွင် နေထိုင်နိုင်ရေး၊ ပိုးလောက်လန်းများ ခိုအောင်းမှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီက ပုလောမြို့ အမှတ်(၁) ရပ်ကွက်အတွင်း ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ပုလောမြို့ အမှတ် (၄) အခြေခံပညာမူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က ပုလောမြို့ မူလွန်(၄)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ တက်ရောက်

ယနေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား ကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး