ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

နတ်မောက်မြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။

သန်လျင် အ.ထ.က (၄) ၌ လူငယ်စကားဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က သန်လျင် အ.ထ.က (၄) ခန်းမဆောင်၌ ကျင်းပခဲ့သည်။

ရွှေကျင်မြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အနောက်ဘက်ကျေးရွာအုပ်စု၊ သောင်လယ်ကျေးရွာ၊ မဒေါက်ကလေး အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျင်းပခဲ့သည်။

ကြံခင်းမြို့နယ် (Community Centre) ခန်းမတွင် အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/သူများ ပြင်ပဗဟုသုတများရရှိစေရန်၊ အသိဉာဏ်ဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်ပြီး အသိပညာပေးဟောပြောပွဲကိုယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်သည်။

ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် ပထမမင်္ဂလာစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ဗဟန်းမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်ရှိ အမှတ် (၃) အခြေခံပညာအထက်တန်း ကျောင်း အောင်ဆန်းခန်းမ၌ လူငယ်များ၊ အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်များ ပိုမိုပြည့်ဝစေပြီး စာဖတ်ခြင်းအလေ့အထ ပိုမိုတိုးပွားလာစေ၍ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များပေါ် ထွန်းလာကြစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့မွန်လွဲ ၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄)ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းဦးဆောင်၍ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄) ကျင်းပပြုလုပ်သည်။

မိုးကုတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (Woman Clup)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ (Woman Clup)အဖွဲ့ဝင်များမှ စာရေးဆရာ မြသန်းတင့်ရေးသားသည့် “သူ့လက်ရာ သူ့အယူအဆ သူ့စာပေ သူ့အတွေးအမြင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် ၂ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် (Pfizer) ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ဆက်လက်ထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ပြည်သူ့ဆေးရုံတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က (Pfizer) ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြားပေးသွားမည်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)တို့ ပူးပေါင်း၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ