ဘုတလင်မြို့နယ် ဆင်ဝင်ကျေးရွာနှင့် ကျွန်းချောင်းကျေးရွာတို့တွင် လျှပ်စစ်မီးလင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) အစီအစဉ်ဖြင့် ဆောင်ရွက်သည့် ဆင်ဝင်ကျေးရွာနှင့် ကျွန်းချောင်းကျေးရွာတို့တွင် ယမန်နေ့ ညပိုင်းမှ စတင်၍ လျှပ်စစ်မီးလင်းပြီ ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးလှဘော်စံထံမှ သိရသည်။