ပွင့်ဖြူမြို့နယ်၌ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစေရန် ရေအရင်းအမြစ် စစ်တမ်းကောက်ယူခြင်း လုပ်ငန်း ကွင်းဆင်းဆောင်ရွက်လျက်ရှိ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာ များတွင် ဒေသခံကျေးလက်နေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ရည်ရွယ်ပြီး မြို့နယ်ရုံးဝန်ထမ်းများက အဖွဲ့(၂)ဖွဲ့ဖြင့် ကျေးရွာများသို့ ကွင်းဆင်းသွားရောက်ပြီး ရေအရင်းအမြစ် စစ်တမ်းကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။