မတူပီမြို့နယ် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ်တွင် ကိုဗစ်−၁၉ ကာကွယ်ဆေး စတင်ထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီခွဲက မြို့နယ် ပြည်သူ့ဆေးရုံတွင် စုရပ်အဖြစ်ထားရှိပြီး မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကိုဗစ်−၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။