ထန်တလန်မြို့တွင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီး ရေးရာအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပြည်သူများအား နှာခေါင်းစည်း (Mask) များ ဖြန့်ဝေခြင်း လုပ်ငန်းကို ယနေ့နံနက် ၉ နာရီက ထန်တလန်မြို့ အမှတ် ၂ ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းဆုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။