နယ်ရုံးများ၏သတင်းများ

Mar 11,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျောင်း သား/ကျောင်းသူများ ဉာဏ်ရည် ဉာဏ်သွေးများ ထက်မြက်လာစေရန်၊ အများသူငှာရှေ့တွင် ရဲဝင့်စွာပြောဆိုတတ်စေရန်နှင့် စာကြည့် တိုက်အား အသုံးပြုတတ် လာစေရန် ရည်ရွယ်၍ မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲနှင့် စာဖတ် စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
Mar 11,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျောင်း သား/ကျောင်းသူများ ဉာဏ်ရည် ဉာဏ်သွေးများ ထက်မြက်လာစေရန်၊ အများသူငှာရှေ့တွင် ရဲဝင့်စွာပြောဆိုတတ်စေရန်နှင့် စာကြည့် တိုက်အား အသုံးပြုတတ် လာစေရန် ရည်ရွယ်၍ မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲနှင့် စာဖတ် စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
Mar 11,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိစေ ရှိစေရန် ၊လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်း ခြားနိုင်ရန် ရည်ရွယ်၍ Book Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာသရဝဏ်(ပြည်)၊ဦးဘုန်း(ဓာတု)၊ညီမင်းညို ရေးသားသည့် လူငယ်နှင့် ဘဝရည်မှန်း ချက်ပန်းတိုင်စာအုပ်အား ယနေ့နံနက် (၁၀) နာရီ အချိန်က သံ‌တောင်ကြီး မြို့နယ်Community Centre ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 11,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံ ပြည်သူ များမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ ဒညင်း ဖာလာပင်၊ ကွမ်းသီး စသည့်နှစ်ရှည်ပင်များကို အသက်မွေးဝမ်းမှုအဖြင့် အဓိက စိုက်ပျိုးလုပ်ကိုင်လျက် ရှိရာယခုနှစ် ပိုင်းတွင် အဆိုပါနှစ်ရှည်ပင်များအပြင် နနွင်းကိုလည်းအဓိက စိုက်ပျိုးလုပ်ကိုင်လာခဲ့ ကြောင်းသိရ သည်။
Mar 11,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့ နေ့လည်ပိုင်း က အ‌ခြေခံပညာကျောင်းများနှင့် ရပ်ကွက်အတွင်းရှိ လမ်းဆုံလမ်းခွနေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
Mar 11,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာဖြစ်ပွားမှုကို ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့် အထက် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ပြည်သူများအား (Covid Shield) ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က သံတောင်မြို့ ပသိ ခန်းမတွင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
Mar 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က မိုးကုတ်လမ်းရှိ စက်မှုဇုန်(၁)၊ ရွှေပြည်နန်း သနပ်ခါး စက်ရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 11,2022
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ကြီးတံခွန်မြို့နယ် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန တို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကိုမန္တလေးခရိုင် လူထု အခြေပြုဗဟိုဌာနတွင် ယနေ့ နံနက်(၉)နာရီကကျင်းပသည်။