နယ်ရုံးများ၏သတင်းများ

Mar 11,2022
စိုက်ပျိုးရေးကိုအခြေခံသော မြန်မာနိုင်ငံတွင် လူတစ်ဦးချင်းစီ၏ ပျှမ်းမျှဆီစားသုံးမှုမှာ များပြားနေပြီး စားသုံးဆီများကို ပြည်ပမှမှာယူတင်သွင်းနေရသည့် အတွက် ဒေသတွင်းစားသုံးဆီဖူလုံရေးနှင့် ဆီထွက်သီးနှံတိုးမြှင့် ထုတ်လုပ်နိုင်ရေး သွင်းအားစုများထောက်ပံ့ပေးအပ်ခြင်းနှင့် သဘာဝမြေ ဆွေးပြုလုပ်သုံးစွဲခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့နယ်၊ ပေါ့ထော် ကျေးရွာ၊ ကွင်းအမှတ် ၁၀၈၉ ရှိ တောင်သူဦးဖေ၏ နေကြာစိုက်ခင်း၌ ကျင်းပသည်။
Mar 11,2022
တနင်္သာရီတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ် ၂၀၁၉(မီနီ)ဘဏ္ဍာနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်အတွက် နှစ်ပတ်လည်အရပ်အရပ်ဆိုင်ရာ အစည်း အဝေးကို ယမန်နေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 11,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူတွင်မြို့ပြအင်္ဂရပ်နှင့် ညီညွှတ်စေရန် ဘုရားသုံး ဆူစည်ပင်သာယာရေးအဖွဲ့မှ လမ်းခင်းခြင်း၊ ရေမြောင်းများ တူးဖော်ခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရန်အမှိုက်များရှင်းလင်းခြင်းတို့အားပုံမှန်ဆောင်ရွက်လျက်ရှိသည်။
Mar 10,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့၌ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာဖြေခန်းများပြင်ဆင်ထားရှိမှု အခြေအနေများကို ယမန်နေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများမှ သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
Mar 10,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေနေ့လည် ၁ နာရီက ကျောင်းသား ကျောင်းသူများအား အသိပညာ ဗဟုသုတများ ရရှိလာစေရန်အတွက် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်များ ပြသဆောင်ရွက် ခဲ့ကြသည်။
Mar 10,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ် ကာကွယ်ထိန်းသိမ်းရေးနှင့်မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နေ့လည်ပိုင်းက ရွှေဂွန်းကျေးရွာ အထကကျောင်း၌ ဆောင်ရွက်ခဲ့သည်။
Mar 10,2022
ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ အထက်တန်း ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများပူပေါင်း၍ ကလေးအလုပ် သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသပွဲနှင့်စာအုပ်စာစောင်ပြသပွဲကို ယနေ့ နံနက်(၁၀) နာရီက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
Mar 10,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ဟင်းစားပင် စိုက်ပျိုးခြင်းဖြင့် မိသားစု မီးဖိုဆောင်အသုံးစရိတ်ကို လျှော့ချပေးနိုင်ကြောင်း ဥယျာဉ်ရပ်ကွက်နေ တစ်ပိုင်တစ်နိုင် ဟင်းစားပင်စိုက်ပျိုးသူ ဦးမိုးဆွေ ထံမှ သိရသည်။