Mar 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား လှိုင်မြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ သရက်မြိုင်ဓမ္မာရုံတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်း၍ အမှတ်(၇)ရပ် ကွက်အတွင်းရှိ အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covi shield)ထိုးနှံပေးခဲ့ရာ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံသူစုစုပေါင်း (၅၅၀)ဦးနှင့်ဒုတိ အကြိမ်ထိုးနှံသူစုစုပေါင်း(၁၂)ဦးရှိကြောင်း သိရသည်။