နယ်ရုံးများ၏သတင်းများ

Mar 12,2022
ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင်ပူပြင်း​ခြေက်​သွေ့​သော​နွေရာသီ​ရောက်ရှိ​ရောက်ရှိလာ၍ မီး​ဘေးအန္တရာယ် ကြိုတင်ကာကွယ်​ရေးအသိပညာ​ပေး လုပ်ငန်းများကို မတ်လ ၁၀ ရက်​​နေ့နံနက် ၉ နာရီကက မာရွတ်မြို့နယ်အမှတ် (၃၉)ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးအတွင်း၌ ကမာရွတ်မြို့နယ် မီးသတ်စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှုး ဦးဝင်းဝင်းထွန်း ဦးဆောင်၍ သ​န္ဓေအရန်တပ်ဖွဲ့ဝင်များသည် မီး​ဘေးကြိုတင်ကာကွယ်​ရေး အသိပညာ​ပးသရုပ်ပြ​ဆောင်ရွက်ခဲ့​ကြောင်း သိရှိရသည်။
Mar 12,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျှက်ရှိသော ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု စံပြကျေးရွာ ယမန်နေ့ မွန်းလွဲ ၂နာရီအချိန်က သောက်သုံးရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော် တာဝန်ခံ ဦးဝင်းမင်းထွန်းက ပြောကြားသည်။
Mar 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ပုဇွန်တောင်မြို့နယ်တွင် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြခြင်းကို ယမန် မွန်းလွဲ(၂ )နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန၊ ပုဇွန်တောင်မြို့နယ်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး ပြုလုပ်သော အားကစားနည်းများနှင့် ပတ်သက်သော အကြောင်းအရာများ ဟောပြောခြင်း၊ လက်တွေ့သရုပ်ပြ ကစားခြင်းနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Mar 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်၌ ကျင်းပ ခဲ့သည်။
Mar 12,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်း စီ၏အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန်စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိသော လူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် သာကေတမြို့နယ် Book Club အဖွဲ့ တို့ပူးပေါင်း၍ ယနေ့၊ နံနက်(၉)နာရီက စာဖတ်ဝိုင်း ကျင်းပပြု လုပ်ခဲ့ကြောင်းသိရှိရသည်။
Mar 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးသောင်းထွဋ်ဦးနှင့် ဝန်ထမ်းအဖွဲ့များက"လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင် ပုဒ်နှင့်အညီအမှတ် (၄) ရပ်ကွက်ရှိပြည်သူ့များအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့နေလည် ၁၃ နာရီအချိန်၌ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Mar 12,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ရန်ကင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယမန်နေ့ နံနက် ၁၀ နာရီက မြု့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။