Mar 08,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာ လှပစေရေး၊ အများပြည်သူများနှင့်ယာဥ်များ ဖြတ်သန်းသွားလာရာ တွင် အဆင်ပြေစေရေး၊မိုးရာသီကာလ၌ ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေအတွက် ကျိုက်ဒုံမြို့ စည်ပင် သာယာရေးအဖွဲ့မှ (၂၀၂၁-၂၀၂၂) ခုနှစ်၊အောက်တိုဘာလမှမတ်လအထိ၊ ဘဏ္ဍာရေးနှစ် ပြည်နယ် ခွင့်ပြုရန်ပုံငွေ (၂၅.၅၀၀)ကျပ်သန်းဖြင့် ကျိုက်ဒုံမြို့အမှတ်(၂)ရပ်ကွက်၊ ဘုရင့် နောင်လမ်းမကြီး ပေါ်တွင် ကွန်ကရစ်(RC)တံတား(၁)စင်း ဆောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။