Mar 07,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် မြန်မာနိုင်ငံရှိ ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေးနိုင်ရေးနှင့် အန္တရာယ်ရှိသော လုပ်ငန်းခွင်တွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများအား ကောင်းမွန်သော အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာကျောင်းများတွင် တက်ရောက်နိုင်ရေးတို့ကို ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီမှာ ထုတ်ဝေသော ဒေါနမြေလက်ကမ်းစာစောင်များအား ဝေါလေမြိုင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာသင်ကျောင်းများနှင့် ရပ်ကွက်များအတွင်း သွားရောက်၍ အခမဲ့ဖြန့်ဝေခဲ့သည်။