Mar 07,2022
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌၂၀၂၁-၂၀၂၂ ခုနှစ်တွင် မိုးနှောင်းဝါ စိုက်ဧက (၅၄၆၇)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်စိုက်ပျိုးရေးဦးစီးဌာနမှသိရကာ မိုးနှောင်းဝါ များကိုတိုက်နယ်(၆)တွင် (၄၀၁)ဧက၊ တိုက်နယ်(၇)တွင်(၂၉၂၂)ဧက၊ တိုက်နယ်(၈)တွင်(၆၄၂)ဧက၊ တိုက်နယ်(၁၁)တွင်(၁၀၀)ဧက နှင့်တိုက်နယ်(၁၂) တို့တွင်(၁၄၀၂)ဧက စိုက်ပျိုးခဲ့ ကြောင်းသိရှိရသည်။