နယ်ရုံးများ၏သတင်းများ

Mar 05,2022
ရန်ကုန်တိုင်းဒေသကြီး၊  တောင်ပိုင်းခရိုင်၊  ကျောက်တန်းမြို့နယ်တွင်  အသက်(၁၈)နှစ်နှင့်  အထက် ပြည်သူ များနှင့်  အကြောင်းအမျိုးမျိုးကြောင့်  ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများအား ကျောက်တန်းမြို့နယ် ကျန်းမာရေးဦးစီးဌာန မြို့နယ်ပြည်သူ့ဆေးရုံ၌  ယမန်နေ့နံနက် ၉  နာရီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ပထမအကြိမ်ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Mar 05,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ သစ်တောသစ်ပင်များနှင့် နှစ်ရှည်ပင်များ ပိုမိုစိုက်ပျိုးနိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်ရည်ရွယ်၍မြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီကာလတွင်စိုက်ပျိုးနိုင်ရန်အတွက် မြို့မပျိုးဥယျာဉ်နှင့် ဇာတ်စုရပ်ကွက် ပျိုးဥယျာဉ်တို့တွင် ပျိုးပင်ပေါင်း(၄၉၂၀၀)ပင်ပျိုး ထောင်ထားကြောင်း သိရသည်။
Mar 05,2022
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊သာယာဝတီမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့ ညနေ ပိုင်းက  မြို့ပေါ်ရပ်ကွက်များနှင့် ငဖြူကလေးကျေးရွာ၊ သင်တောရိုးကျေးရွာအုပ်စုအတွင်း နှိုးဆော်ခဲ့ကြသည်။
Mar 05,2022
ဧရာဝတီတိုင်း​ဒေသကြီး၊​​ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယမန်​နေ့နံနက်၁၀နာရီနှင့် ည​နေ ၄နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်က ဌာနဆိုင်ရာများ၊ မြို့နယ် ကိုဗစ်-၁၉ ကော်မတီအဖွဲ့​အဖွဲ့ဝင်များ၊ ရပ်/​ကျေးအုပ်ချုပ်​ရေးမှူးများနှင့်စာ ရေးဝန်ထမ်းများကို ဧပြီလအတွင်းအသက်(၁၈)နှစ်အထက်ပြည် သူများအားကိုဗစ်-၁၉ ကာကွယ်​​ဆေးရာနှုန်းပြည့် ထိုးနှံနိုင်​ရရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ‌ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
Mar 05,2022
ပြန်ကြား​ရေးဝန်ကြီးဌာန၊ ပြည်​ထောင်စုဝန်ကြီးဦး​မောင်​မောင်အုန်းသည် တာဝန်ရှိသူများနှင့် အတူယမန်​နေ့ မွန်လွဲ ၃ နာရီကရန်ကုန်မြို့၊ ဗိုလ်တ​ထောင်မြို့နယ်၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်​ရေးနှင့် ထုတ်​ဝေ​ရေးဦးစီးဌာန၊အစည်းအ​ဝေးခန်းမ၌ မြန်မာနိုင်ငံသတင်းမီဒီယာ​ ကောင်စီဝင်များနှင့်​တွေ့ဆုံပွဲသို့တက်​ရောက်ခဲ့သည်။
Mar 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိဒေသခံပြည်သူများအား လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသား စိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအားရပ်ကွက်များအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာယနေ့၊ နံနက် (၈)နာရီမှ ညနေ(၃)နာရီ အချိန်အထိ စံပြ ရပ်ကွက် ဓမ္မာရုံ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
Mar 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှု မရှိစေရန်နှင်လျော့ကျ စေရန်ရည်ရွယ်၍   ယမန်နေ့နံနက် ၈ နာရီ အချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်(Covishield) ကာကွယ်ဆေးထိုးနှံပေးခြင်း များကိုကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Mar 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြိုနယ်၊ (ဂ)ရပ်ကွက်၊ သော်တာဆွေ စာကြည့်တိုက်တွင် ကလေးစာဖတ်ဝိုင်းနှင့် စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို  ယမန်နေ့ နံနက် (၁၀)နာရီက  ကျင်းပခဲ့ကြောင်း သိရသည်။