နယ်ရုံးများ၏သတင်းများ

Mar 07,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ၊ ပထမသုံးလ ပတ်အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ် အောက် ကလေးငယ်များ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့က ကွီးလေးကျေးရွာအုပ်စုတွင် တာဝန်ရှိသူတို့က လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရ သည်။
Mar 07,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ကွီးလေးကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို လျှော့နည်း စေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဒုတိယအကြိမ်ကျေးရွာများ အရောက်ကွင်းဆင်း ထိုးနှံပေးလျက်ရှိသည်။
Mar 05,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတလူမှုကူညီရေး အသင်းသို့ ယမန်နေ့က Oxygen Concentrator ၃ လုံးကို အလှူရှင်များက လှူဒါန်းခဲ့ကြောင်း သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းထံမှ သိရသည်။
Mar 05,2022
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာပညာရေး ဒီဂရီကောလိပ်၌ လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာသင်တန်း PPTT (၇/၂၀) သင်တန်းသား/သူများ၏ သင်တန်းပြီးမြောက်ကြောင်း လက်မှတ်နှင့် အလုပ်ခန့်အပ်လွှာများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Mar 05,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် အသက် နှစ်နှစ်အောက်ကလေးငယ်များ အား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉နာရီခန့်က တုံတာမြို့ ပြည်သူ့ ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။
Mar 05,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် သဘာဝမြေဆွေးများ လက်တွေ့ပြုလုပ်ပြသခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများပူးပေါင်း၍ နည်းပညာပေး လက်တွေ့ပြုလုပ်ပြသခဲ့သည်။                     
Mar 05,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းသီးနှံစံပြကွက်ကွင်း သရုပ်ပြပွဲကို ယနေ့ နံနက် ၈ နာရီက နရမ်းကျေးရွာအုပ်စုရှိ ရန်ကုန်-စစ်တွေ ကားလမ်း မကြီးဘေး၊ နရမ်းကျေးရွာနှင့် နော်နော်ကျေးရွာကြား ဆောင်းသီးနှံ နေကြာကွင်း၌ ကျင်းပပြု လုပ်သည်။
Mar 05,2022
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ဝန်ထမ်းများက အိမ်ထောင်စု လူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြား များ အခမဲ့ ယမန်နေ့ နံနက်(၉)နာရီအချိန်က စော်ဘွားရပ်ကွက် အ.မ.က(၁၁) ကျောင်းတွင် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။