နယ်ရုံးများ၏သတင်းများ

Mar 05,2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နေစဉ် ကာလ အတွင်း စားသုံးမှု အဆင်ပြေစေရန်နှင့် စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူရရှိစေရန် ရည်ရွယ်၍ ဆန် ကုန်သည်ကြီးများအသင်းမှ တိုင်းဒေသကြီးအတွင်း စျေးနှုန်းချိုသာစွာဖြင့် လှည့်လည်ရောင်းချ လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ရန်ကင်း မြို့နယ်အတွင်းသို့ စားအုန်းဆီ၊ ဆန်၊ ကြက်ဥများ လာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
Mar 05,2022
"လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း ကိုင်ဆောင် နိုင်သည့် ကတ်တစ်မျိုးမျိုးရရှိကိုင်ဆောင်နိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စု ဦးရေစာရင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက် ပေးလျက်ရှိရာ မတ်လ ၃ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၆၀၊၆၁)ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံး နှင့်( ၈၇)ရပ်ကွက် ဓမ္မာရုံတို့၌ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးအေးကျော်၏ ကြီးကြပ်မှုဖြင့် ဒုလ.၀.ကမှူး ဒေါ်သန်းသန်းစိုး ဦးဆောင် သောအဖွဲ့နှင့် လ.၀.ကမှူး ဒေါ်မြင့်မြင့်ခိုင် ဦးဆောင်သောအဖွဲ့တို့မှ ကွင်းဆင်း ဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။
Mar 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ဒေါပုံမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ဒုတိယအကြိမ်(Covid Shield)ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှစ၍ ဒေါပုံမြို့နယ်၊ လမု တန်းရပ်ကွက်ရှိ အ.ထ.က(၁) ကျောင်းခန်းမ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Covid Shield) ထိုးနှံ ဆောင်ရွက်ပေးကြောင်းသိရသည်။
Mar 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမတွင် စာအုပ်ပြပွဲနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ယနေ့ နံနက်ပိုင်းက ပြသခဲ့ကြောင်း သိရသည်။
Mar 04,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ အတွင်းကိုဗစ်-၁၉ရောဂါ လျော့နည်းကျဆင်းစေရေးအတွက် ကာကွယ်ဆေးများကို အသက်(၆၅) အထက်ပြည်သူများအား (Booster Dose )ကာကွယ်ဆေးများကို စတင်ထိုးနှံ ပေးလျက်ရှိရာ ယနေ့ (၂၈၀)ဦး ထိုးနှံ ပေးပြီးဖြစ်ကြောင်းသိရသည်။
Mar 04,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန် အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား (Covid Shield) ကာကွယ်ဆေးထိုးများ ဆက်လက်ထိုးနှံ ပေးခြင်းကို ယနေ့ နံနက် ၉ နာရီ ကမာရွတ် မြို့နယ်၊ အမှတ်(၉) ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ တက္ကသိုလ် များဆေးရုံ (ရန်ကုန်)အရေးပေါ်နှင့် ပြင်ပလူနာဌာနတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
Mar 04,2022
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၀)နာရီက မြို့နယ်ကလေး သူငယ်အခွင့် အရေးများ ဆိုင်ရာကော်မတီ ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ကြောင်း သိရသည်။
Mar 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာန၊ စျေးများဌာနနှင့် သန့်ရှင်းရေဌာနတို့မှ ဦးစီ၍ပြည်သူများ ဈေးနှုန်းသက်သာစွာ လွယ်လင့်တကူဝယ်ယူ စားသုံးနိုင်ရန်အတွက်