နယ်ရုံးများ၏သတင်းများ

Sep 15,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် ရေဆင်း-၁၅ ဆောင်းသီးနှံ ပဲပုပ်မျိုးစေ့ထုတ် စိုက်ပျိုးမှုအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက (GAP) စနစ်ဖြင့် ကွင်းသရုပ်ပြ ပညာပေးစိုက်ပျိုးခြင်းကို မိုက်ဟိုင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ၃၃၊ တောင်သူ ဦးစိုင်းထွန်းရွှေ၏ လယ်မြေ (၂)ဧကတွင် ယနေ့နံနက် ၇ နာရီအချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 15,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ MASK တပ်ဆင်သွားလာခြင်းမရှိသူများအား အသိပညာပေးခြင်းနှင့် ဒဏ်ပေးစနစ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီ က မြို့မဈေးရှေ့နှင့် မိုင်းတုံလမ်းဆုံတို့တွင် ဌာနဆိုင်ရာများပူးပေါင်း၍ နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
Sep 14,2020
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စက်တင်ဘာလ(၉)ရက်နေ့ နံနက်ပိုင်းမှစ၍ စာအုပ်/စာစောင်များ ငှားရမ်းခြင်းကို ခေတ္တပိတ်ထားကြောင်း သိရသည်။
Sep 14,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြို့လှမြို့​ပေါ်ရပ်ကွက်များရှိ ကိုယ်ဝန်ဆောင်မိခင်များ အတွက် ကိုဗစ်−၁၉ ကာလအတွင်း ကိုယ်ဝန်ဆောင် မိခင်များအား တစ်ဦးလျှင်ထောက်ပံ့​ငွေကျပ် (၃၀၀၀ဝိ/)နှုန်းဖြင့်် ထောက်ပံ့ပေးအပ်ခြင်းကို ယ နေ့ နံနက် ၁၁ နာရီတွင် ကိုယ်ဝန်ဆောင် များ၏ နေအိမ်သို့အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသိရသည်။
Sep 14,2020
တောင်ငူ၌ ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် အသိပညာပေး နံရံကပ်စာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန တောင်ငူ ခရိုင်ရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်နဲ့ ပြသထားကြောင်း သိရသည်။
Sep 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်​ ပြည်သူများ မဲပေးခွင့်မဆုံးရှုံးရစေရေးအတွက် အနောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့ နံနက် ၉ နာရီက မှတ်ပုံတင်ပြုလုပ်ရန် လိုအပ်ချက်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Sep 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို ဇလွန်မြို့အဝင်ဂိတ်တွင် အရှိန်အဟုန်​မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 14,2020
ပုသိမ်ခရိုင် ၊ရေကြည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပွားစေရန် အသိပညာပေး‌ ဟောပြောခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်တွင် ရေကြည်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ရှိသူများသည် ငှက်သိုက် ကျေးရွအုပ်စု၊ ခိုတောင် (၁)ကျေးရွာ၊ ခို​​တောင် (၂)ကျေးရွာ၊ အရှေ့စုကျေးရွာ၊ အလယ်စုကျေးရွာ နှင့် ကွက်သစ်ကျေးရွာတိုတွင် ကိုဗစ်ရောဂါ မဖြစ်ပွား​စေရန် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေ မိဘပြည်သူတို့အား အသိပညာပေး ဟောပြောခြင်းကို မော်တော်ယာဉ်ဖြင့် လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။