နယ်ရုံးများ၏သတင်းများ

Sep 11,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း၊ မြို့အဝင်/အထွက်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိဘဲ ပြင်ပသို့ သွားလာသူများကို ယခုဝယ်၊ ယခုတပ်စနစ်ဖြင့် ယနေ့နံနက်ပိုင်းအချိန် က စတင်ပြီး အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သည်။
Sep 11,2020
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များအား တစ်ဦးလျှင် ကျပ်ငွေ (၁၅၀၀၀)နှုန်းဖြင့် (၃)လ(၁)ကြိမ် အစီအစဉ်ဖြင့် (၆)လစာအတွက် တစ်ဦးလျှင် ကျပ်ငွေ (၉)သောင်းကျပ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန် က ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
Sep 11,2020
မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ ကူးစက်မှုမြန်ဆန်သည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တာမိုးညဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် တာမိုးညဲဌာနေပြည်သူ့စစ်တို့ ဝိုင်းဝန်းပူးပေါင်းပြီး နှာခေါင်းစည်းစုစုပေါင်း (၂၅၀၀)ခုကို ယနေ့နံနက်(၁၀)နာရီအချိန်ခန့် က တာမိုညဲမြို့၊ စည်ပင်သာယာဈေးတွင် ပြည်သူလူထုများထံ အခမဲ့ဖြန့်ဝေသည်။
Sep 11,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ နမ္မတူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ နားကျဲကျေးရွာရှိ RS-CS မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများ၌ မျိုးကွဲများနှုတ်ပယ်ခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းနှင့် ပိုးမွှားများ ကျရောက်မှု ရှိ/မရှိ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉)နာရီ အချိန်ခန့် က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ နားကျဲကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 11,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ၏ ကြီးကြပ်မှုဖြင့် မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှ မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှစတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် အမျိုးသား (၂၉)ဦး၊ အမျိုးသမီး (၂၀)ဦး စုစုပေါင်း (၄၉)ဦးတို့ကို ထပ်မံပို့ဆောင်ပေးနိုင် ခဲ့ပါသည်။
Sep 11,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရေး အတွက်မြို့နယ်အတွင်း အစားအသောက်ရောင်းချနေသည့် ဈေးဆိုင်များကို စက်တင်ဘာလ ၁၂ ရက်နေ့မှစ၍ ပါဆယ်စနစ်ဖြင့်သာရောင်းချရန် ပြည်သူများသို့ အသိပေးကြေညာခြင်းကို ယနေ့ ညနေ ၃နာရီအချိန်တွင် အသံချဲ့စက်များဖြင့် လှည်လည်အသိပေးကြေညာခဲ့ကြောင်း သိရသည်။
Sep 11,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်−၁၉ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက စတင်၍ ပြည်သူ့စာကြည့်တိုက် စာအုပ်စာစောင်ငှားရမ်းခြင်း၊ ဖတ်ရှုခြင်းကို ခေတ္တယာယီ ပိတ်ထားကြောင်း သိရသည်။
Sep 11,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ နားမွန်ကျေးရွာအုပ်စု၊ မိုက်ပုတ်(ပန်ပိ) ကျေးရွာနှင့် နောင်ချိုကျေးရွာတို့တွင် ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကျေးရွာနေပြည်သူများ သိရှိလိုက်နာရန်လိုအပ်သည့် အချက်အလက်များအား ကျေးလက်ကျန်းမာရေးဌာနရှိ ကျန်းမာရေးဝန်ထမ်းများမှ ကျေးရွာအတွင်း လှည့်လည်၍ Hand Speaker ဖြင့် လိုက်လံဆော်ဩခဲ့ကြောင်း သိရသည်။