နယ်ရုံးများ၏သတင်းများ

Aug 20,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သစ္စာစီမံချက်ဖြင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၄ ရွာမှ လူဦးရေ စုစုပေါင်း ၄၃၁ ဦးအတွက် ဩဂုတ် ၁၆ ရက်မှ စတင်ပြီး နိုင်ငံသားစိစစ်ရေးကတ်နှင့် မဲဆန္ဒရှင်စာရင်းတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် ပါရှိနိုင်ရန်အတွက် ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက်ပေးသည်။
Aug 20,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူကုန်ကူးမှုအန္တရာယ်တားဆီး ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ ယနေ့နံနက် ၁၀ နာရီက စတင်ပြသခဲ့သည်။
Aug 20,2020
ရန်ကုန်အနောက်ပိုငိးခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ စာပေဝါသနာပါသူများ၊ စာဖတ်ဝါသနာပါသူ များထံ လက်ဝယ် အရောက် စာပေဖတ်ရှုနိုင်ရန် အတွက် Mobile Library စနစ်ဖြင့် ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သွားရောက်ငှားရမ်းပေးခဲ့သည်။
Aug 20,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲပေးနိုင်ရေး မဲဆန္ဒရှင်စာရင်း တိုက်ဆိုင်စစ်ဆေးခြင်းများကို ယမန်နေ့နံနက် ၁၁ နာရီ အချိန် က ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 20,2020
လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းနှင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေကော်မတီ ဖွဲ့စည်းနိုင်ရေး အစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Aug 20,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် နိုင်ငံတော်မှ တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၂ သောင်းနှုန်းဖြင့် ဒုတိယ အကြိမ် ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်း က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၏ တောင်ပေါ်ကျေးရွာများဖြစ်သည့် နားသံကျေးရွာ အုပ်စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများထံသို့ ကွင်းဆင်းထောက်ပံ့ပေးခဲ့ ကြောင်း သိရသည်။
Aug 20,2020
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ချောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး (Community Centre) ခန်းမတွင် ပြည်သူများအား လူကုန်ကူးမှုအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး နံရံကပ်စာစောင်များပြသ‌ထားလျက်ရှိကြောင်းသိရသည်။