Sep 04,2020
ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အများပြည်သူများ မိမိအိမ်မှပင် အသိပညာဗဟုသုတ ရရှိစေမည့် အစီအစဉ်ကောင်းများကို ကျောက်တံတားမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page တွင်” အွန်လိုင်းအသိပညာပေး အစီအစဉ်များ”အဖြစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။