Aug 06,2020
၁၈၈၅ ခုနှစ် သီပေါမင်း ပါတော်မူပြီးချိန်ကာလ နယ်ချဲ့အင်္ဂလိပ်နယ်တို့ကို ၇ နှစ်တိုင်တိုင် ရွှပ်ရွှပ်ချွံချွံတွန်း လှန်တိုက်ခိုက်ခဲ့သည့် ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်အား ဂုဏ်ပြုသောအားဖြင့် စစ်ကိုင်း တိုင်းဒေသကြီး ဝန်းသိုမြို့နယ် ဝန်းသို-ကျောက်တန်း မြို့ထွက်လမ်းဘေးတွင် စော်ဘွားကြီးဦးအောင်မြတ် ရုပ်ထုသစ် ထားရှိသွားမည့်ဖြစ်ရာ ယနေ့နံနက်ပိုင်းမှစတင်၍ အောက်ခံဖောင်ဒေးရှင်းပေါ်သို့ တပ်ဆင်ခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။