နယ်ရုံးများ၏သတင်းများ

Aug 10,2020
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် (၈/၂၀၂၀)လအတွက် မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၏ လက်ရှိ ဆောင်ရွက်နေမှု ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန်ကျန်ရှိနေမှုများ အတွက် လစဉ် ဆောင်ရွက်လျက်ရှိသော မြို့နယ် စီမံကိန်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီ အချိန်က မြို့နယ်စည်ပင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
Aug 10,2020
ရန်ကုန်တိုင်း​ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထား ကြေညာရာသို့ ပြည်သူများ လာရောက်ကြည့်ရှုနိုင်ရန်နှင့် ပြည်သူများ၏မဲပေးခွင့် မဆုံးရှုံး၊ မကျန်ရှိစေရေးအတွက် တစ်အိမ်တက်ဆင်းလိုက်လံ စစ်ဆေးခြင်းကို ယမန်​နေ့ နံနက်ပိုင်းကစ၍ (င)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
Aug 10,2020
ရန်ကုန်တောင်ပိုင်း ခရိုင်သုံးခွမြို့နယ်တွင် ကိုရီးယားနိုင်ငံ KOICA အဖွဲ့၏ ကူညီထောက်ပံ့မှု​​ဖြင့် (မြန်မာဆယ်မားအူးလ်အွန်ဒုံ) SMU ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းကိုအကောင်အထည် ဆောင်ရွက်ခဲ့သော လက်ပန်စံပြကျေးရွာ၌ SMU ခန်းမဆောင်တွင်
Aug 10,2020
ပန်းဘဲတန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်မှုရာခိုင်နှုန်း ၂၆.၁၉ ရာခိုင်နှုန်းဖြင့် အောင်မြင်ကြောင်း သိရှိရပါသည်။ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာ‌‌မေးပွဲကို ပန်းဘဲတန်းမြို့နယ်မှ ကျောင်းတွင်း ဖြေဆိုသူ (၉၁)ဦး၊
Aug 10,2020
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့နယ်အတွင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးနှင့်ရေစီး ရေလာ ကောင်းမွန်စေရေး တို့အတွက်
Aug 10,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အတွင်း၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရရန်အတွက် နိုင်ငံသားစိစစ်ရေးကဒ်ပြား ထုတ်ပေးနိုင်ရန် သစ္စာစီမံချက်ဖြင့် မြို့နယ်အလုပ်သမား လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ယနေ့နံနက်(၉)နာရီအချိန်မှ စတင်၍ အမှတ် (၁၅)ရပ်ကွက်၊ မဂ္ဂသစ္စာမိုးကုတ် ဓမ္မရိပ်သာတွင်  ကွင်းဆင်းဆောင်ရွက်ခဲ့သည်။