ရန်ကုန် နိုဝင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊ မြို့တော်ခန်းမရှေ့၌ ပြည်တွင်းရေးဝင်ရောက်စွက်ဖက်မှုများအား ဆန့်ကျင်ကန့်ကွက်ရှုတ်ချပွဲကို ယနေ့ညနေ ၄နာရီခွဲက အမျိုးသားရေးလှုပ်ရှားသူ ရဟန်းသံဃာတော်များက ဦးဆောင်ကျင်းပခဲ့သည်။
ဦးစွာ အမျိုးသားရေးလှုပ်ရှားသူ ရဟန်းသံဃာတော်များဦးဆောင်၍ ဆန္ဒဖော်ထုတ်သူ (၁၀၀)ခန့်သည် ဆန္ဒဖော်ထုတ်ရာတွင် ပြည်တွင်းရေးကိုဝင်ရောက်နှောက်ယှက်သူများအား ဆန့်ကျင်ကြ၊ ပြည်ထောင်စုကိုစုပေါင်းကာကွယ်ကြ၊ ပြည်ထောင်စုပြိုကွဲမည့်အကြံ ဒို့လက်မခံ၊ မြန်မာပြည်တဝှမ်းမှာ ငြိမ်းချမ်းရေးပန်းများ ပွင့်လန်းပါစေ၊ အကြမ်းဖက်လုပ်ရပ်တွေ - ချက်ချင်းရပ်၊ တိုင်းတပါးအားကိုး ပုဆိန်ရိုးများအား-ဆန့်ကျင်ကြ၊ ပြည်တွင်းရေးကို စွက်ဖက်သူ - ဒို့ရန်သူ၊ အမိမြေကို ကာကွယ်ကြ (let protect our mother land)၊ ဒါ ငါတို့ပြည် ဒါ ငါတို့ပြည်ထောင်စု ဒါ ငါတို့ပြည်တွင်းရေး၊ This is : Our Country, Our Union, Our Internal affairs၊ အချုပ်အခြာကို ထိပါးလာသူမှန်သမျှ - ဆန့်ကျင်ကြ၊ အပြစ်မဲ့ ပြည်သူများကို အတိဒုက္ခရောက်စေသော အကြမ်းဖက် လုပ်ရပ်များအား-ဆန့်ကျင်ကြ ပိုစတာများ ကိုင်ဆောင်၍ ကြွေးကြော်ပြီး ညနေ ၅ နာရီတွင် ပြီးဆုံးကာ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)