Oct 15, 2023
နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ B.Tech သင်တန်းများတွင် ရလဒ်အခြေပြု ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် စစ်ဆေးအကဲဖြတ်ခြင်း စနစ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
Oct 15, 2023
မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ (၁၁၇) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီးအမှုတွဲခန်း (ကျောက်တိုက်)ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၃ ရက်က ချမ်းမြသာစည်မြို့နယ် အဆိုပါရုံးရှိ ကျောက်တိုက်အဆောက်အအုံသစ်ရှေ့၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Oct 15, 2023
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ ကျင်းပသည်။
Oct 15, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ အောက်တိုဘာ ၁၅ ရက်နေ့တွင် ကျင်းပမည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ရန်ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံ ဒုတိယအမျိုးသား လုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် H.E. Mr. Vikram Misri ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။
Oct 15, 2023
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Aung Kan Bo Motorcycle Industrial Co., Ltd. မှ တင်သွင်းလာသော Kenbo အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များသည် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်သို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။
Oct 15, 2023
(၆) ကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ် (REW) သို့တက်ရောက်ခဲ့ပြီး ရုရှားနိုင်ငံမော်စကိုမြို့၌ရောက်ရှိနေသည့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် အဖွဲ့သည် ဖိုရမ်တက်ရောက်နေစဉ်ကာလအတွင်း ရုရှားနိုင်ငံတွင် ရေနံလုပ်ငန်းနှင့် ရေနံချက်လုပ်ငန်း ဆောင်ရွက်နေသော ကုမ္ပဏီလေးခုတို့မှ တာဝန်ရှိသူများနှင့် သီးခြားစီတွေ့ဆုံ၍ မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည့်နည်းလမ်းများအပေါ် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးသည်။
Oct 15, 2023
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၃ ရက်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ အနီးရှိ Zagorskaya PSPP ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက်လေ့လာသည်။
Oct 15, 2023
အူရီဒူးမြန်မာသည် ပဲခူးမြို့နယ်နှင့်လှည်းကူးမြို့နယ်တို့မှ ရေဘေးဒဏ်ခံခဲ့ရသည့် ပြည်သူများအတွက် ဆက်လက်ပံ့ပိုးပေးသည့်အနေဖြင့် 2.7 GB ဒေတာ (တစ်ရက်ကို 400MB နှင့် ခုနစ်ရက်စာ) ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၉ ရက်အထိ အသုံးပြုနိုင်ရန် အခမဲ့ထပ်တိုး ပေးအပ်လိုက်ကြောင်း သိရသည်။
Oct 15, 2023
ယနေ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွက် ကျက်သရေ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့် အခါကာလဖြစ်သည်။ လွန်ခဲ့သောရှစ်နှစ် ဤနေ့ဤအချိန်အခါ၌ နှစ်ပေါင်းရှည်ကြာ သဘောထားကွဲပြားခဲ့သူအချင်းချင်း ရန်ကိုရန်ချင်းမတုံ့နှင်းဘဲ လက်နက်ကိုင်ပဋိပက္ခများ ဆိတ်သုဉ်းအောင် အားထုတ်ကြိုးပမ်းနိုင်ခဲ့သဖြင့် မင်္ဂလာရှိသောအခင်းအကျင်းကို ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။ ငြိမ်းချမ်းခြင်းသည် မင်္ဂလာတစ်ပါးပင်ဖြစ်၍ သမိုင်းဝင် ဤနေ့ဤရက်ကို အလေးအနက်ဂုဏ်ပြုကြရမည်ဖြစ်သည်။
Oct 15, 2023
နှစ်စဉ် အောက်တိုဘာလ ၁၆ ရက်နေ့သည် ကမ္ဘာ့စားနပ်ရိက္ခာနေ့ ဖြစ်သည်။ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization of the United Nations- FAO) က ကမကထပြု၍ နိုင်ငံအသီးသီးမှ အစိုးရများ၊ ရုံးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ စားနပ်ရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်များဖြင့် ကမ္ဘာ့စားနပ်ရိက္ခာနေ့ကို ကျင်းပခြင်းဖြစ်ရာ ယင်းနေ့သည် ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သော FAO ၏ မွေးနေ့လည်း ဖြစ်သည်။
Oct 15, 2023
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူတို့နှင့်အတူ အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းက ပဲခူးမြို့အနိမ့်ပိုင်းရပ်ကွက်များ၌ ရေကျန်ရှိမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Oct 14, 2023
မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်နေမှသာ ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီးမျက်စိပသာဒဖြစ်ဖွယ်ရာ သန့်ရှင်းသာယာလှပသော မြို့၊ ရွာ Clean city၊ Clean Village များဖြစ်လာမည်ဖြစ်ကာ ကျန်းမာရေးနှင့် ညီညွတ်မျှတမည်ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိမြို့ရွာ သန့်ရှင်းသာယာရေးကိုဒေသခံများ၊ ဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးတာဝန်ရှိသူများက မဖြစ်မနေဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
Oct 14, 2023
တပ်မတော်တွင် ပထမအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် အသည်းအစားထိုးလူနာ ၂ ဦး အားလည်းကောင်း၊ ဒုတိယအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်၊ ၃၁ ရက်နှင့် ဖေဖော်ဝါရီလ ၁ ရက်တို့တွင် အသည်းအစားထိုး လူနာ ၃ ဦး အားလည်းကောင်း၊ တတိယအကြိမ် အသည်းအစားထိုးခွဲစိတ် ကုသမှုကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်မှ ၂၀ ရက်အထိ လည်းကောင်း အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်။ ယခုအခါ စတုတ္ထအကြိမ် အသည်းအစားထိုး ခွဲစိတ်ကုသမှုအား လူနာ ၃ ဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမနေ့ အသည်းအစားထိုးခွဲစိတ်ကုသမှုကို ယနေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)၊ အထူးကုသမှုစင်တာ၌ ပြုလုပ်ခဲ့သည်။
Oct 14, 2023
ဂျီနီဗာမြို့၌ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်မှ အောက်တိုဘာလ ၁၃ ရက်အထိ ကျင်းပခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အထောက်အထား ခိုင်လုံမှုမရှိဘဲ မြန်မာနိုင်ငံအပေါ် ဝေဖန်ပြစ်တင်သည့် ဆွေးနွေးပွဲနှစ်ခုပါဝင်ခဲ့ သည်။ ယင်းတို့မှာ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (Independent Investigative Mechanism for Myanmar – IIMM) ၏ အစီရင်ခံစာနှင့် ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာမဟာမင်းကြီး၏ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးမှုများဖြစ်ပြီး ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နှင့် ၂၆ ရက်တို့တွင် အသီးသီးပြုလုပ်ခဲ့သည်။ နိုင်ငံတစ်နိုင်ငံတည်းအပေါ် ဦးတည်ပြုလုပ်သော ယင်းဆွေးနွေးပွဲများ၏ လုပ်နည်းလုပ်ဟန်များသည် တစ်ဖက်သတ်ဖြစ်နေပြီး သက်ဆိုင်သည့်နိုင်ငံထံမှ ပူးပေါင်းဆောင်ရွက်မှုမရရှိဘဲ မြန်မာနိုင်ငံ၏မျက်ကွယ်တွင် ကျင်းပခဲ့မှုကြောင့် ပို၍ပင်တစ်ဘက်စောင်းနင်းဖြစ်ခဲ့သည်။
