Dec 22, 2023
ပြည်ထောင်စုမြန်မာနိုင်ငံ၏ သမိုင်းကြောင်းတစ်လျှောက်တွင် တိုင်းရင်းသားလူမျိုးအားလုံးတို့သည် နှစ်ပရိစ္ဆေဒကြာမြင့်စွာ မရှိအတူရှိအတူ၊ အေးအတူပူအမျှ စည်းလုံးညီညွတ်စွာဖြင့် အတူတကွနေထိုင်လာခဲ့ကြသည်။ ၁၉ ရာစုအတွင်း၌ ကိုလိုနီနယ်ချဲ့နိုင်ငံကြီးများ၏ အပြိုင်အဆိုင်ကျူးကျော်လာမှုကြောင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံငယ်များသည် နယ်ချဲ့လက်အောက် ကျွန်သပေါက်ဘဝသို့ ကျရောက်ခဲ့ကြသည်။
Dec 22, 2023
၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင်စာတတ်မြောက်မှု ၈၉ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ စာတတ်မြောက်မှု ၈၉ ဒသမ ၁ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။ စာမတတ်သူအရေအတွက်အားဖြင့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်နှင့်အထက် စာမတတ်သူ ၃ ဒသမ ၅၅ သန်းခန့် ရှိနေပြီး ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်နှင့်အထက် စာမတတ်သူပေါင်း ၄ ဒသမ ၁ သန်းခန့်ရှိနေသည်ဟု သိရသည်။
Dec 21, 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ဝင်းကြီးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် ပစ်ခတ်ဝင်ရောက်ပြီး ကျေးရွာရှိနေအိမ်များကို မီးရှို့နေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Dec 21, 2023
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်တွင် ဌာနဆိုင်ရာရုံးများ၊ စီးပွားရေးဆိုင်ရာလုပ်ငန်းရှင်များကိုသာ လျှပ်စစ်မီးပုံမှန်ဖြန့်ဝေပေးပြီး အခြားမြို့တွင်းရပ်ကွက်များကို အလှည့်ကျမီးပေးသည့်ပုံစံဖြင့် ပေးဝေလျက်ရှိကြောင်း သတင်းတု၊ သတင်းမှားများကို ပြည်ဖျက်မီဒီယာ Ayeyarwaddy Times က လူမှုကွန်ရက်စာမျက်နှာတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Dec 21, 2023
ကယားပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်ရှိ အကျဉ်းသားများအတွက် ရိက္ခာနှင့်ဆေးဝါး အရေးတကြီး အကူအညီလိုအပ်နေသည်ဟု RFA နှင့် Delta News Agency တို့မှ မဟုတ်မမှန် ကောလာဟလ သတင်းများကို လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့လျက်ရှိသည်ကို တွေ့ရှိရသည်။
Dec 21, 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းတစ်ခုအား ဒီဇင်ဘာလ ၂၀ ရက်နေ့နံနက်ပိုင်းတွင် ရွာသစ်(ငြိမ်းချမ်း)ရွာအနီး၌ အကြမ်းဖက်သမားများမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်းတိုက်ခိုက်ခဲ့သဖြင့် တပ်မတော်သား ၃ ဦး ကျဆုံးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Dec 21, 2023
(၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် ကျင်းပသည်။
Dec 21, 2023
အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် Business Plan နှင့် ငွေစာရင်းရေးဆွဲနည်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် ၂၀၂၄ ခုနှစ် နွေရာသီရေရှားပါး ပြတ်လပ်မှုကြုံတွေ့နိုင်သည့် ကျေးရွာများတွင် သောက်သုံးရေပြတ်လပ်မှု မဖြစ်ပေါ်စေရန်အတွက် ကြိုတင်စီမံဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပသည်။
Dec 21, 2023
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပလျက်ရှိသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်တွင် ဝန်ကြီးဌာန(၁၆)ခုမှ ခင်းကျင်းပြသထားသည့် ပြခန်းများကို လိုက်လံကြည့်ရှုအားပေးသည်။
Dec 21, 2023
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ မြို့မဈေးအတွင်းသို့ ဒီဇင်ဘာ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဈေးတစ်ခုလုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Dec 21, 2023
နေပြည်တော် ဒီဇင်ဘာ ၂၀
Dec 21, 2023
ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၅/၂၀၂၃-၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 21, 2023
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့မွန်းလွဲပိုင်းတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်းများတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအတွက် Remittance Management System(RMS) လက်တွေ့အသုံးပြုခြင်းသင်တန်းသို့ တက်ရောက်အမှာစကား ပြောကြားသည်။
Dec 21, 2023
Mandalay International Trade Fair & Investment Forum 2023 ကို ယနေ့မှစတင်၍ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် သိပ္ပံလမ်းရှိ Mandalay Convention Center (MCC)တွင် ကျင်းပလျက်ရှိရာ လာရောက်လေ့လာကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။
Dec 21, 2023
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကိုလိုလားသူ လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။
Dec 21, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Dec 21, 2023
မွန်ပြည်နယ် သထုံမြို့နယ်ရှိ နယ်မြေခံတပ်မှ ဒီဇင်ဘာ ၁၉ ရက်ညပိုင်းက လက်နက်ကြီးများဖြင့် ပြည်သူများနေထိုင်သော ကျေးရွာများသို့ ပစ်ခတ်ခဲ့မှုကြောင့် ကျုံမှိန်ကျေးရွာသို့ကျရောက်ပြီး အသက် ၂၆ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Dec 21, 2023
တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ညောင်ဇင်ကျေးရွာအတွင်းရှိ နေအိမ်များကို ဒီဇင်ဘာ ၁၇ ရက်က ဝင်ရောက်မွှေနှောက်၍ တန်ဖိုးရှိပစ္စည်းများ အတင်းအဓမ္မရယူခဲ့သော စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Than Lwin Times မှ မဟုတ်မမှန် ကောလာဟလသတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာတွင် ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Dec 21, 2023
ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မြို့နယ်ရှစ်မြို့နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနည်းပြ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
Dec 21, 2023
မြန်မာနိုင်ငံလူမှုဖူလုံရေးအဖွဲ့(SSB)နှင့် မလေးရှားနိုင်ငံလူမှုဖူလုံရေးအဖွဲ့ (PERKESO)တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် မလေးရှားနိုင်ငံ၌ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းဖြစ်နေသည့် မြန်မာအလုပ်သမားကို ဒီဇင်ဘာ ၁၃ ရက်နံနက် ၁၀ နာရီ ခွဲတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
