Skip to main content

Dec 25, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ပန်းတောင်း) ၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဒေသတွင်း MSMEs လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ နည်းပညာလိုအပ်ချက်နှင့် ကိုက်ညီသော ကျွမ်းကျင်ပညာရှင်များ မွေးထုတ်နိုင်ရန်၊ ပုဂံနှင့် ပုပ္ပါးတို့ရှိ သဘာဝခရီးသွား လုပ်ငန်းများတွင် လျှပ်စစ်သုံးယာဉ်များ တွင်ကျယ်စွာအသုံးပြုရန်၊ ပြည်သူများအလုပ်အကိုင် အခွင့်အလမ်းရရှိရေးကာလတို သင်တန်းများဖွင့်လှစ်ရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2023

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ အမှတ် (၅) စက်မှု သင်တန်းကျောင်း (မကွေး) သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2023

မြန်မာနိုင်ငံစာရေးဆရာအသင်း ၁၃၈၅ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2023

ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်းသား ဟောင်းများအသင်းက ကြီးမှူးကျင်းပသည့် ရန်ကုန် တက္ကသိုလ်များ လှေလှော်အသင်း ရာပြည့်အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ကမာရွတ်မြို့နယ် အင်းလျားလမ်းရှိ ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်း၌ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တက္ကသိုလ်များလှေလှော်အသင်း နာယက ဒေါက်တာကံဇော် တက်ရောက်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၏ ဇနီး ဒေါ်သန်းသန်းနွယ်သည် ပြည်ထောင်စုဝန်ကြီးများ၏ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၏ဇနီးများ၊ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်တပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများကို သွားရောက်ကြည့်ရှု အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2023

(၇၆)နှစ်မြောက် တပ်မတော် (ရေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပရိတ်တရားနာယူ ခြင်းနှင့် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ နယ်မြေခံရေတပ်စခန်းဌာနချုပ်ရှိ မာရာရိဇယရန်မျိုးအောင်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ အလယ်တောရပဓာနနာယက ဆရာတော်အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဂန္ဓမာလာဘိဝံသအမှူးပြုသော သံဃာတော်များ ကြွရောက်ချီးမြှင့်တော် မူကြပြီး ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော် (ရေ) ၏ (၇၆)နှစ်မြောက် တပ်မတော် (ရေ) နှစ်ပတ်လည်နေ့တွင် နိုင်ငံတော်၏ရေကြောင်းဆိုင်ရာ အကျိုးစီးပွားများနှင့် မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝကာကွယ်စောင့်ရှောက်ရန်အတွက် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းနှင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့သို့ စစ်ရေယာဉ်များ လွှဲပြောင်းတပ်တော်ဝင်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ အမှတ် (၃) ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ဂုဏ်ပြုအမှာစကားပြောကြားသည်။                                  

ဆက်လက်ဖတ်ရှုရန်

Dec 25, 2023

ယနေ့သည် ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းသာယာဝပြောစေကြောင်းနှင့် ပျော်ရွှင်ချမ်းမြေ့မှုအပေါင်းပြည့်စုံသည့် မေတ္တာဓာတ်များလွှမ်းခြုံနေကြောင်း တောင်းဆုခြွေကြသည့် ခရစ္စမတ်ပွဲတော်အခါသမယဖြစ်သည်။ ခရစ်ယာန်ဘာသာဝင်များအနေဖြင့် ယေရှုခရစ်တော် ဖွားမြင်သည့်နေ့ကို အထိမ်းအမှတ်ပြု၍ နှစ်စဉ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကမ္ဘာတစ်ဝန်း၌ ခရစ္စမတ်ပွဲတော်များကို ပျော်ရွှင်ချမ်းမြေ့စွာ ကျင်းပကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2023

ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ရန်အောင် (၁) ရပ်ကွက်ရှိ စိန့်မိုင်ကယ်ကက်သလစ်ဘုရားကျောင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2023

နိုင်ငံတစ်နိုင်ငံ၏ စာတတ်မြောက်မှုနှုန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုတိုင်းတာသည့် အညွှန်းကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ စာတတ်မြောက်ခြင်းသည် လူတစ်ဦးချင်းကို အကျိုးကျေးဇူးဖြစ်ထွန်းစေသကဲ့သို့ ရပ်ရွာဒေသတွင်းနှင့် နိုင်ငံအတွင်း လူ့အဖွဲ့အစည်းတစ်ခုလုံး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုတို့ကိုပါ အကျိုးကျေးဇူး ဖြစ်ထွန်းစေသည်။

ဆက်လက်ဖတ်ရှုရန်

Dec 24, 2023

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ကျောက်တန်းရွာအတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒီဇင်ဘာလ ၂၃ ရက် ညပိုင်းတွင် ဝင်ရောက်ကာ ဒေသခံတစ်ဆယ်ဦးကျော်ကိုဖမ်းဆီးပြီး တစ်ဦးလျှင်ငွေကျပ်တစ်သောင်းဖြင့် ပြန်ရွေးခိုင်းသည်ဟု Delta News Agency က သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 24, 2023

 ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာအားကစားလ (စတုတ္ထပတ်) စုပေါင်းလမ်းလျှောက်ပွဲများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက်တပ်နယ်များ၌ ကျင်းပပြုလုပ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 24, 2023

 အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 24, 2023

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နေပြည်တော် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ် အောင်မင်္ဂလာရပ်ကွက်ရှိ အောင်မင်္ဂလာ ကားဝင်းဟောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 24, 2023

ပြည်တွင်း၊ ပြည်ပခရီးသွားများအကြား စိတ်ဝင်စားမှုအများဆုံးရရှိရာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ ဘုရားများကို ပျက်စီးစေမည့် ကပ်ပါးပင်များအား ရှင်းလင်းမှုလုပ်ဆောင်နေရာ ပထမအဆင့်အနေဖြင့် ရာခိုင်နှုန်းအတော်များများ ပြီးစီးနေပြီဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ဆိုသည်။

ဆက်လက်ဖတ်ရှုရန်

Dec 24, 2023

ရှမ်းပြည်နယ် (မြောက်ပိုင်း)နမ္မတူမြို့နယ် ပန်ဟိုက်ရပ်ကွက် ၆ နှင့် အီဟန်းရပ်ကွက် ၉ တို့တွင် ယနေ့နံနက်ပိုင်း၌ တပ်မတော်ကပစ်ခတ်သည့် လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ကလေးသုံးဦးနှင့် လူကြီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက် စာမျက်နှာတွင် တရားမဝင် ပြည်ဖျက်မီဒီယာ တစ်ခုဖြစ်သည့် Khit Thit Media က လုပ်ကြံရေးသားနေသည်ကို တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 24, 2023

မိမိတို့ ယနေ့ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်နေခြင်းသည် မိမိတို့၏ သားစဉ် မြေးဆက်လူငယ်များအတွက် တည်ငြိမ်သည့်အနာဂတ်နှင့် ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့အဆင့်မီ နိုင်ငံတစ်ခုဖြစ်အောင် လက်ဆင့်ကမ်းအမွေပေးနိုင်ရန် အမျိုးသားရေးတာဝန်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။ ကိုယ်ကျိုးစီးပွား အတွက်၊ တစ်ဦးတစ်ယောက် နာမည်ကောင်းရရန်အတွက် ဖော်ဆောင်နေခြင်း မဟုတ်ပေ။

ဆက်လက်ဖတ်ရှုရန်

Dec 24, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉)ရပ်၏ စီးပွားရေးကဏ္ဍ အချက်(၃)ချက်တွင် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” ဟု မူဝါဒထုတ်ပြန်ထားပြီး အားပေးမြှင့်တင်လျက်ရှိသည်။ သို့ဖြစ်ရာ မကွေးတိုင်းဒေသကြီး ဆင်ဖြူကျွန်းမြို့ရှိ အောင်မြင်နေသော MSME လုပ်ငန်းတစ်ခုဖြစ်သည့် “ရွှေယာမြေပဲဆီသန့်” ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင် ဦးရွှေဝင်းထွန်းနှင့် တွေ့ဆုံမေးမြန်းထားမှုကို ဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 24, 2023

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲ/သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းရှိ ဇမ္ဗူရွှေကြာခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီ နယ်မြေပညာရေးမှူး၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်