Skip to main content

Jul 31, 2023

ကွာလာလမ်ပူမြို့အခြေစိုက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ဂါနာနိုင်ငံ သံအမတ်ကြီးအဖြစ် မစ္စစ်ဖလောရင့်ဘူအာကီအကိုနောအား ခန့်အပ်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက သဘောတူပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 31, 2023

မျက်မှောက်ကမ္ဘာကြီးတွင် ဒစ်ဂျစ်တယ်နည်းပညာဖြင့် လွှမ်းခြုံလည်ပတ်နေသည်။ သိပ္ပံနှင့် နည်းပညာတိုးတက်မြင့်မားလာသည်နှင့်အမျှ နယ်ပယ်ကဏ္ဍတိုင်း၌ ဒစ်ဂျစ်တယ်နည်းပညာကိုအသုံးချ၍ အခွင့်အလမ်းများ ရယူနေကြသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေးမျက်နှာစာများတွင် ဒစ်ဂျစ်တယ်နည်းပညာကို ထိရောက်စွာ အသုံးချနိုင်သောနိုင်ငံများသည် တိုးတက်အောင်မြင်မှု၌ တစ်ပန်းသာနေသည်။

ဆက်လက်ဖတ်ရှုရန်

Jul 31, 2023

နိုင်ငံ့စီးပွားတိုးတက်‌ရေးဆောင်ရွက်ရာတွင် သယံဇာတများရောင်းချခြင်းနှင့် ထုတ်ကုန်များ ပိုမိုထုတ်လုပ်ခြင်းဟု လမ်းကြောင်းနှစ်သွယ်ရှိသည့်အနက် သယံဇာတများ‌ရောင်းချခြင်းကို အတတ်နိုင်ဆုံးထိန်းထားပြီး ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း နိုင်ငံတော်အကြီးအကဲက ပြောကြားခဲ့ပြီး သယံဇာတတရားမဝင်ထုတ်လုပ် ခြင်းများနှင့်စပ်လျဉ်း၍လည်း မိမိတို့နိုင်ငံ့စီးပွားရေးကို ထိုးနှက်ချက်များပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2023

ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်လျက်ရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်းရှိ မာရဝိဇယကျောင်းတော် ကျောင်းလွှတ်ပူဇာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2023

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2023

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2023

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နန်းရာကုန်းကျေးရွာအုပ်စု၊ ကုတိုးဆိပ်ကျေးရွာတွင် ပြုလုပ်သည့် မိုးစပါး မျိုးစေ့ထုတ်စိုက်ကွက်၌ စုပေါင်းကောက်စိုက်ခြင်း၊ တီစူပါမြေဩဇာမြေခံကြဲပက်ခြင်းနှင့် စုပေါင်းထွန်ယက်နေမှုများကို ကြည့်ရှုအားပေးပြီး တောင်သူများအား တီဆူပါမြေဩဇာအိတ်များ အခမဲ့ထောက်ပံ့ပေးအပ်ကာ စိုက်ပျိုးရေးပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၉-၇-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၀-၇-၂၀၂၃) ရက်နေ့၊ ည(၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း(၃,၈၁၄)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၃)ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၈) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2023

အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ် များမှာ အားအနည်းငယ်ရှိသော အယ်လ်နီညိုအခြေအနေတွင်ရှိနေသည်။ နိုင်ငံတကာ မိုးလေဝသ ဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း အားအသင့်အတင့်ရှိသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်သည်ဟု မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2023

နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များအား တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ အနားယူအပန်းဖြေခရီးစဉ်အဖြစ် ဧရာဝတီတိုင်း ဒေသကြီး ချောင်းသာကမ်းခြေနှင့် ရခိုင်ပြည်နယ် ငပလီကမ်းခြေများသို့ တပ်မတော်လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ဇူလိုင် ၂၄ ရက် တွင် ပို့ဆောင်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2023

တရားမဝင်ကုန်သွယ်မှုနှင့် အဂတိလိုက်စားမှုတို့က နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာ တွင် ကြီးမားသည့် အဟန့်အတား၊ အနှောင့်အယှက်များ ဖြစ်ပေါ်စေသည့်အတွက် နိုင်ငံတော်က အလေးအနက်ထားကာ ဟန့်တားနှိမ်နင်းမှုများ ပြုလုပ်လျက်ရှိသည်။ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၃) ကို ဇူလိုင် ၂၇ ရက်က ကျင်းပရာ “ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဖမ်းဆီးရမိမှု များစွာတိုးတက်ခဲ့သော်လည်း တရားမဝင် ကုန်သွယ်မှုများ လျော့နည်းကျဆင်းသွားခြင်းမရှိဘဲ ဆက်လက် လုပ်ကိုင်ဆောင်ရွက် နေကြကြောင်း” ဦးဆောင်ကော်မတီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2023

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အမှတ်(၅) ဓာတ်မြေဩဇာစက်ရုံ (ကန်ကြီးထောင့်)နှင့် သဘာဝ ဓာတ်ငွေ့ ထိန်းချုပ်ဖြန့်ဖြူးရေးစခန်း (သာပေါင်း) တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် တာဝန်ရှိသူများနှင့် အတူ ဇူလိုင် ၂၇ ရက်က ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့ရှိ Gasifier စက်ရုံများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2023

အိန္ဒိယနိုင်ငံ၌ရောက်ရှိနေသာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင် ဦးဆောင်သောအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ဘန်ဂလောမြို့ရှိ UIDAI ၏ နည်းပညာဗဟိုဌာနသို့ သွားရောက်လေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအခြေအနေများ ရှင်းလင်းပြသခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 29, 2023

ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစားတစ်ခုပင်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 29, 2023

မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည် ရေးခရီးရောက်ရှိနေသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရုံးချုပ် တရားသူကြီးချုပ် H.E. Mr. Vyacheslav Lebedev ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှတစ်ဆင့် ရုရှားနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 29, 2023

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် တာဝန်ရှိသူများ နှင့်အတူ ဇူလိုင် ၂၅ ရက်မှ ၂၈ ရက်အထိ ရှမ်းပြည်နယ်အတွင်း ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်း စမ်းသပ်ပြေးဆွဲမှု၊ ပင်းပက်-နောင်ကား ရထားလမ်းသစ် ဖောက်လုပ်နေမှု၊ ရွှေညောင်ကွန်ကရစ်ဇလီဖား စက်ရုံ၊ ရွှေညောင်စက်ခေါင်းစက်ရုံနှင့် ဘူတာရုံများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 29, 2023

ကျန်းမာရေးဝန်ကြီးဌာန သူနာပြုကြီးများအား တာဝန်ခံသူနာပြုကြီး ပြန်တမ်းဝင် အရာရှိများအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခြင်းနှင့် သူနာပြုစုမှုဆိုင်ရာ စီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 29, 2023

သိပ္ပံနှင့်နည်းပညာဆိုင်ရာ မူပိုင်ခွင့်အသိပညာ ပြန့်ပွားရေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်