Aug 02, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် ဗုဒ္ဓဥယျာဉ်တော် ဝတ္ထုကံတော်အတွင်းရှိ သတ်မှတ်နေရာများ၌ကျင်းပရာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုကြသည်။
Aug 02, 2023
ခရစ်နှစ် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့၊ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ဒုတိယဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်အပေါင်းအတွက် ထူးမြတ်သည့် မင်္ဂလာ အခါတော်နေ့ဖြစ်သည်။ ဤဝါဆိုလပြည့်နေ့သည် ဘုရားလောင်းသိဒ္ဓတ္ထမင်းသား ပဋိသန္ဓေယူသောနေ့၊ တောထွက်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူပြီး ဓမ္မစကြာ တရားဦးဟောတော်မူသောနေ့၊ ဘုရားဖြစ်ပြီဟု ရဲဝံ့စွာကြေညာသောနေ့၊ တရားရတနာစတင်ပေါ်ထွန်းသောနေ့၊ သံဃာရတနာစတင်ပေါ်ထွန်းသောနေ့၊ မြတ်ဗုဒ္ဓ၏ ဗျာဒိတ်တော်ရ ရဟန်းစတင်ပေါ်ထွန်းသောနေ့၊ တာဝတိံသာနတ်ပြည်သို့ ကြွတော် မူစဉ်ရေမီးအစုံ တန်ခိုးပြာဋိဟာ ပြတော်မူသောနေ့ဖြစ်၍ ထူးမြတ်သောနေ့ဖြစ်သည်။
Aug 02, 2023
နိုင်ငံတော်တွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပနေမှုကို ကမ္ဘာသို့ပြသနိုင်ရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်အဖြစ် သာသနာတော်ပြန့်ပွားရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရန်၊ ပြည်သူပြည်သားအားလုံး အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်နိုင်ပြီး ပျော်ပျော်ရွှင်ရွှင် ပညာသင်ကြားနိုင်စေရန်နှင့် ဗုဒ္ဓမြတ်စွာ၏အေးမြသည့်မေတ္တာရိပ်အောက်၌ လုံခြုံအေးချမ်းစွာဖြင့် သာယာပျော်ရွှင်စွာနေထိုင်နိုင်ရန်အတွက် နိုင်ငံတော်ကြီးသာယာဝပြောမှုရှိစေရန်၊ ဗုဒ္ဓဘာသာသည် ငြိမ်းချမ်းမှုနှင့်မေတ္တာတရားကို အလေးထားသည်နှင့်အညီ ဗုဒ္ဓဘာသာကိုအခြေခံပြီး ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန်ဟူသည့် ရည်ရွယ်ချက်လေးရပ်ထားရှိကာ တည်ထားခဲ့သော “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ကမ္ဘာပေါ်တွင်ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော်ကြီးအဖြစ် ကြည်ညိုတင့်တယ်သပ္ပာယ်လှစွာ ပေါ်ထွန်းလာခဲ့ပြီဖြစ်သည်။
Aug 01, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၃၁-၇-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁-၈-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၁၂၅) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၂) ရာခိုင်နှုန်း ရှိပါသည်။
Aug 01, 2023
ကြားနာစစ်ဆေးဆဲပြစ်မှုဆိုင်ရာအမှုများကိုပိတ်သိမ်းခြင်း
Aug 01, 2023
ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ သုံးစွဲလျက်ရှိသော Gasifier အမျိုးအစားများအလိုက် အားသာချက်များနှင့် အားနည်းချက်များကို လေ့လာသုံးသပ်၍ ဒေသတွင်း ပညာရှင်များက စွမ်းအားမြင့် စပါးခွံလောင်စာသုံး Gasifier များ တပ်ဆင်တည်ဆောက်၍ အသုံးပြု နိုင်စေရေးအတွက် သင့်လျော်သော ဒီဇိုင်းနှင့် နည်းပညာများကို ပြည်သူများထံ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ကောက်ယူရရှိသော နမူနာများကို ဓာတ်ခွဲစမ်းသပ်၍ ရလဒ်များကို ဆန်းစစ်သုံးသပ်ကာ စက်ရုံမှစွန့်ပစ်ပစ္စည်းများကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေဘဲ အကျိုးရှိစွာ အသုံးပြုနိုင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ပြန်လည်တင်ပြမည်ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက ပြောကြားသည်။
Aug 01, 2023
အာဆီယံ-တရုတ်ဗဟိုဌာန (ASEAN-China Centre-ACC)၏ ဖိတ်ကြားချက်အရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဇူလိုင် ၂၉ ရက် မှ ၃၀ ရက်အထိ တရုတ်နိုင်ငံ ကွမ်းတုန်းပြည်နယ် ရှန်ကျန်းမြို့၌ ကျင်းပသည့် ၂၀၂၃ ခုနှစ်အာဆီယံ-တရုတ် မဟာပင်လယ်အော်ဒေသ (ကျူးဟိုင်) စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ် (2023 ASEAN-China Greater Bay Area (Qianhai) Economic Cooperation Forum) သို့ တက်ရောက်ကြသည်။
Aug 01, 2023
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်းက မန္တလေးတိုင်း ဒေသကြီး မြင်းခြံမြို့ရှိ အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)သို့ရောက်ရှိပြီး Phase-2 & 2A တို့တွင် ပါဝင်သည့် Hot Strip Mill အတွင်း စက်များတပ်ဆင်ထားရှိမှု၊ Meltshop-2 အတွင်း စက်များတပ်ဆင် ထားရှိမှု၊ Scrap များ စုပုံနိုင်ရေးအတွက် မြေနေရာသတ်မှတ် ရွေးချယ်ထားရှိမှု၊ Sub-Station အတွင်း လျှပ်စစ်စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်မှုနှင့် အောက်ဆီဂျင်ထုတ်လုပ်ရေးအလုပ်ရုံ တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Aug 01, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန်နှင့် ပြည်သူလူထုကို အကြောက်တရား များ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြား စေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့် ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက် များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Aug 01, 2023
ဇေယျတု သပြေနုတင်ကာ၊ ငွေခရုသင်္ခါနှင့်၊ ပြေယခုမင်္ဂလာ လွှမ်းပါစေကြောင်း၊ ငြိမ့်ညောင်း သာယာ၊ အောင်ဩဘာနှင့် တံမြွှာပဉ္စင်၊ သံလွင်နွဲ့နှောင်း ငြိမ့်ညောင်းသံခ၊ ကက္ကရရွှေစိန်စည် သက္ကဝတိံဆီမှ၊ မြတ်သိကြားနတ်စည်၊ လူ့ရပ်လူ့ရွာ ပြည်မြန်မာမှ ပန်တျာစည်၊ လမ္ဗရာစည်၊ တစ်မျိုးဝေစည် - မရိုးရွှေစည်၊ စည်တကာပေါင်းရုံးပြီး စည်တကာ့ထိပ်သီး မေတ္တာရွှေစည်ကြီးကို ရိုက်ဟီးခတ်ဆော် နိုင်ငံတော်တစ်လွှား၊ မေတ္တာဆောင် အောင်စည်သံကြားစေကြောင်း မေတ္တာဖြင့်လည်းကောင်း။
Aug 01, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်တော် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Aug 01, 2023
၁။ မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း မိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများ အနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။
Aug 01, 2023
ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB)၊ အထွေထွေအတွင်းရေးမှူးချုပ် Mr. Wichai Chaimongkhon (ဝိချိုင်ချိုင်မုန်ခုန်) ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အထူးလုပ်ငန်းတာဝန်အဖွဲ့ Eagle 19 သင်တန်းအမှတ်စဉ် (၅) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ရန် ဇူလိုင် ၂၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့မှ မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ထွက်ခွာကြပြီး ထိုင်းနိုင်ငံဗန်ကောက်မြို့သို့ ရောက်ရှိခဲ့သည်။
Aug 01, 2023
ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ ၂/၂၀၂၃ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
