Skip to main content

Jun 01, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 01, 2023

တပ်မတော်အနေဖြင့် သဘာဝဘေးဒဏ်သင့်ဒေသများသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များအား စုဖွဲ့စေလွှတ်၍ လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ စေတနာရှင် အလှူရှင်များကလှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 01, 2023

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်၍ သက်ဆိုင်ရာအတန်းအလိုက်သင်ခန်းစာများ သင်ကြားပို့ချပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 01, 2023

ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများ လှူဒါန်းရန်အတွက် တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ စုဖွဲ့ပြင်ဆင်ထားရှိမှုအခြေအနေများကို ယနေ့နံနက်ပိုင်းတွင် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်

Jun 01, 2023

မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) က ပြုလုပ်သော မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ် လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်၊ မြစေတီပရိယတ္တိစာသင်တိုက် (ရဲကျောင်း)၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်နှင့် မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့များနှင့် အလှူရှင်များတက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 01, 2023

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် MNDAA ၊ TNLA ၊ AA ကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းလားမြို့၊ အရှေ့တိုင်းဧည့်ရိပ်မွန်ဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 01, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၃၁-၅-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁-၆-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၉,၀၂၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၉၁) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁.၀၁) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 01, 2023

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။

ဆက်လက်ဖတ်ရှုရန်

Jun 01, 2023

၁။ မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် အလွန့် အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့် ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများ အနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့် နိုင်ငံခြား ငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 01, 2023

၂၀၂၃ ခုနှစ် “ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့” အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 01, 2023

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်သည် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ ယာယီအကြီးအကဲ Ms. Danielle Parry ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ သည်။

ဆက်လက်ဖတ်ရှုရန်

Jun 01, 2023

ဥပဒေအရာရှိ အဆင့်-၄ (အစမ်းခန့်)များ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် ၁/၂၀၂၃ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 01, 2023

ASEAN-Hong Kong Free Trade Agreement (AHKFTA) ၏ စီးပွားရေးနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်အရ ဟောင်ကောင်(တရုတ်)နှင့် CLMV အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကိုဗစ်ကာလ အလွန်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းမှတစ်ဆင့် စီးပွားရေး ပြန်လည်ဦးမော့လာစေရန် ရည်ရွယ်၍ ဟောင်ကောင်(တရုတ်)- စီအယ်လ်အမ်ဗွီ (CLMV) အွန်လိုင်းရင်းနှီးမြှုပ်နှံမှုဖိုရမ် (HKC-CLMV Online Investment Forum) ကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနက ဦးဆောင်၍ Online စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 01, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းဘေးဒဏ်သင့်ခဲ့သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ဌာနများမှဝန်ထမ်းများအား ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်၍ ဆိပ်ကမ်းများသို့ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ ထပ်မံရောက်ရှိလာမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 01, 2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့နယ် မင်းဂံ-မှန်စီ ကျေးရွာလမ်း ၃/၂ မိုင်ပေါ်ရှိ မုန်တိုင်းဒီရေကြောင့်ပျက်စီးသွားသော ကွန်ကရစ်တံတားနေရာ၌ ပေ ၅၀ ဘေလီ တံတားအစားထိုးတည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။အဆိုပါ ဒါးပိုင်ချောင်းကူး ပေ ၂၀ ကွန်ကရစ်တံတားသည် ၂၀၁၁- ၂၀၁၂ ဘဏ္ဍာနှစ်တွင် စည်ပင်သာယာရေးအဖွဲ့က တည်ဆောက်ခဲ့သောတံတားဖြစ်ပြီး မင်းဂံ-မှန်စီ ကွန်ကရစ်လမ်းသည်လည်း စည်ပင်သာယာအမှိုက်သိမ်းယာဉ်များ ဖြတ်သန်းအသုံးပြုနေသောလမ်း ဖြစ်သည်။ ယခုအခါ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ယာယီဘေလီတံတား ပြန်လည်တည်ဆောက်ပေးလျက်ရှိရာ အမြန်ပြီးစီးရေးလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 01, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai ဦးဆောင်သောအဖွဲ့ ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရုံးအမှတ် (၁၀) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 01, 2023

မြန်မာနိုင်ငံသည် သဘာဝတွင်းထွက်သယံဇာတများနှင့် ရေ၊ မြေသဘာဝ ကောင်းမွန်သောကြောင့် မြေပေါ်မြေအောက်သယံဇာတနှင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကိုအခြေခံ၍ နိုင်ငံ့စီးပွား၊ ဒေသစီးပွားဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်နိုင်သည်။ အဓိကမှာ မိမိနိုင်ငံ၊ မိမိတို့စီးပွားရေးတိုးတက်လာအောင် ဆောင်ရွက်ရေး၌ အားလုံးတစ်စိတ်တစ်ဝမ်းတည်း လက်တွဲပူးပေါင်း ကြိုးပမ်းလုပ်ကိုင် မည်ဆိုသည့်စိတ်ထား ထားရှိကြရန်လိုအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 01, 2023

သံနှင့်သံမဏိထုတ်လုပ်မှုသည် နိုင်ငံတည်ဆောက်ရေးလုပ်ငန်း များအတွက် အရေးပါသကဲ့သို့ နိုင်ငံစက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက်လည်းအရေးပါသည်။ မိမိတို့နိုင်ငံသည် သံနှင့် သံမဏိလိုအပ်ချက်ကို ပြည်တွင်းထုတ်လုပ်မှုဖြင့် မလုံလောက်သည့်အတွက် ပြည်ပမှတင်သွင်းနေရသည့် နိုင်ငံဖြစ်ရာပြည်တွင်း၌ သံနှင့်သံမဏိတိုးတက်ထုတ်လုပ် ဖြည့်ဆည်းပေးခြင်းဖြင့် အမျိုးသားအကျိုးစီးပွားတိုးတက်မြင့်မားမှုကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 31, 2023

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ (၂) ရပ်ကွက်နေ ဒေါ်လီလီနိုင်စိုး(ခ)လီလီနိုင်ကျော်၊ အသက် (၅၈) နှစ် သရုပ်ဆောင်/အဆိုတော်သည် မေ ၃၀ ရက် ည ၇ နာရီခန့်တွင် မော်တော်ယာဉ်ဖြင့် အပြင်မှ နေအိမ်သို့ပြန်လာစဉ် နေအိမ်တိုက်ခန်းရှေ့အရောက်၌ PDF အမည်ခံအကြမ်းဖက် အမျိုးသား ၁ ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဒေါ်လီလီနိုင်ကျော်တွင် ယာနားထင်ကျည်ထိမှန် ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့သဖြင့် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်