May 31, 2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ဦးစီးမှူးများ၊ တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ရုံးနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်ပြီး ဝန်ထမ်းများ၊ သင်တန်းသား/ သင်တန်းသူများနှင့်တွေ့ဆုံ၍ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်ရေး ဦးစီးဌာနအချင်းချင်း ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ကြရန်၊ သင်တန်းသား/ သင်တန်းသူများ သန့်ရှင်းသပ်ရပ်ပျော်ရွှင်စွာဖြင့် အသက်မွေးဝမ်းကျောင်းသင်တန်းများ သင်ယူနိုင် ရေး ဆရာ/ဆရာမများက ကြီးကြပ်ဆောင်ရွက်ရန်နှင့် သင်တန်းအောင်မြင်ပြီးသူများအား မိမိတို့၏ အတတ်ပညာများဖြင့် ဆက်လက်ရပ်တည်နိုင်ရေး လိုအပ်သည့် အရင်းအနှီး၊ စက်ပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ကြရန် မှာကြားသည်။
May 31, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ရွာကြီးတောင်ရပ်ကွက် ဝင်္ကဘာကွင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု၊ ဆိပ်ကမ်းများသို့ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ ထပ်မံရောက်ရှိလာမှုနှင့် မုန်တိုင်းဒဏ်သင့်ဒေသများသို့ အမြန်ဆုံးဖြန့်ခွဲနိုင်ရေး စီစဉ်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
May 31, 2023
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယမန်နေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ကြီးမြို့ရှိ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန(ပြည်နယ်ရုံး)သို့ သွားရောက်၍ ဝန်ကြီးဌာနလက်အောက်မှ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဗဟိုစက်ပစ္စည်း၊ စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့အာမခံလုပ်ငန်း၊ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့် ပင်စင်ဦးစီးဌာနတို့မှ ဝန်ထမ်းများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
May 31, 2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool ဦးဆောင်သောအဖွဲ့ကို ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
May 31, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကလောမြို့ရှိ စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
May 31, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များလိုက်ပါ၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များအား ပင်းတယမြို့ရှိ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
May 31, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr.Sholban Kara-Ool ဦးဆောင်သည့်အဖွဲ့ဝင်များက ယနေ့ညနေပိုင်းတွင် တောင်ကြီးမြို့ရှိ ပင်လုံရိပ်သာဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။
May 31, 2023
၂၀၂၃ ခုနှစ် မေလ ၂၃ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိသည် ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည်။ ယနေ့တွင် ကျောင်းအပ်နှံပြီးနောက် မနက်ဖြန်(ဇွန်လ ၁ ရက်နေ့)တွင် ကျောင်းသား ကျောင်းသူအားလုံး တူတူညီညီ ပျော်ပျော်ရွှင်ရွှင် ကျောင်းတက်ကြရတော့မည်ဖြစ်သည်။ ကလေးသူငယ် လူငယ်လူရွယ်များ၏ အဓိကအလုပ်မှာ ပညာသင်ကြားရေးဖြစ်၍ ယခုလိုကျောင်းဖွင့်ရာသီတွင် အားလုံးတူညီလှုပ်ရှား နိုးကြားတက်ကြွနေကြသည့်မြင်ကွင်းများမှာ အားတက်စရာဖြစ်သည်။
May 31, 2023
မျက်မှောက်ခေတ် စိုက်ပျိုးရေးလုပ်ငန်းများတွင် ဓာတ်မြေဩဇာများနှင့်တကွ စိုက်ပျိုးရေးသုံးဓာတုပစ္စည်းများ (Agro-Chemi-cals)ကို မရှိမဖြစ် သုံးစွဲလျက်ရှိကြသည်။ သီးနှံပင်များ ပိုးမွှားကျရောက်ခြင်းမှကာကွယ်ရန် ပိုးသတ်ဆေးများ၊ ပေါင်းမြက်များကို ရှင်းလင်းရန်အတွက် ပေါင်းသတ်ဆေးများ၊ မှိုရောဂါကျရောက်ခြင်းအတွက် မှိုသတ်ဆေးများ၊ အပင်အသီးအနှံများဖွံ့ဖြိုးကြီးထွားရန်အတွက် အပင်ဟော်မုန်းများစသည်ဖြင့် စိုက်ပျိုးရေးလုပ်ငန်း သုံးဓာတုပစ္စည်းများကို သုံးစွဲရာတွင် အန္တရာယ်ကင်းစွာစနစ်တကျ ကိုင်တွယ်သုံးစွဲခြင်းထက် တစ်ဆင့်စကားတစ်ဆင့်နားဖြင့် သုံးစွဲနေမှုများ အများအပြားရှိနေကြသည်ကို တွေ့ရသည်။
May 30, 2023
နာဂအမျိုးသားပါတီ [Naga National Party (NNP)] ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း
May 30, 2023
ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း
May 30, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
May 30, 2023
ရခိုင်ပြည်နယ်၊ စစ်တွေ၊ မင်းပြား၊ မြောက်ဦးတပ်နယ်တို့ရှိ နယ်မြေခံတပ်များသို့ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် အဖွဲ့ဝင်များသည် သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ သောက်သုံးရေလုံလောက်စွာရရှိရေးနှင့် စိုက်ပျိုး/ မွေးမြူရေးဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံရှင်းလင်းပြသကြသည်။
May 30, 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့်
May 30, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
May 30, 2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်သည် ယနေ့နံနက်ပိုင်းတွင် နယ်မြေခံရေတပ်စခန်းဌာနချုပ်မှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် စစ်တောတပ်နယ်ရှိ နယ်မြေခံရေတပ်စခန်းများအား သွားရောက်စစ်ဆေးကြည့်ရှုခဲ့သည်။ နယ်မြေခံရေတပ်စခန်းဌာနချုပ်ရှိ မိသားစုနေအိမ်လိုင်းခန်းများနှင့် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးများအား ကြည့်ရှုစစ်ဆေးခြင်း၊ တပ်ပိုင်စိုက်ပျိုးမွေးမြူရေးခြံသို့သွားရောက်ပြီး ငါးမွေးမြူရေးကန်၊ ဒေသဆိတ်မွေးမြူရေးခြံ၊ DYL ဝက်မွေးမြူရေးခြံ၊ ကာကီကင်းဘဲမွေးမြူရေးခြံ၊ နို့စားနွားမွေးမြူရေးခြံ၊ ဥစားကြက်မွေးမြူရေးခြံ၊ Green House စိုက်ပျိုးရေးခြံနှင့် ရာသီသီးနှံစိုက်ခင်းတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ၎င်းနောက် နဂါးမော်ဆည်သို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ ဆည်ရေဝင်ရေလဲကောင်းမွန်စေရေး၊ မိုးရာသီတွင် ရေပိုမို သိုလှောင်စုဆောင်းနိုင်ရန် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်သွားရေးတို့အား မှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
May 30, 2023
သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
May 30, 2023
ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရန် ယနေ့တွင် တပ်မတော်(ရေ)မှ ၂၉ မီတာကမ်းထိုး ရေယာဉ်တစ်စီးသည် ဆန် ၁,၀၀၀ အိတ် စုစုပေါင်းကုန်တန်ချိန် ၅၀ တန်တို့အား မင်းဂံကမ်းထိုးရပ်၌ တင်ဆောင်၍ ဘူးသီးတောင်သို့လည်းကောင်း၊ ၅၆ မီတာ ကမ်းထိုးရေယာဉ်တစ်စီးသည် သစ်ချောင်း ၁,၀၀၃ ချောင်း စုစုပေါင်းကုန်တန်ချိန် ၁၀.၀၇ တန်တို့အား တောင်ကုတ်ကမ်းထိုးရပ်၌တင်ဆောင်၍ စစ်တွေမြို့သို့လည်းကောင်း အသီးသီးပို့ဆောင်ရန် ထွက်ခွာခဲ့ကြသည်။
May 30, 2023
တပ်မတော်အနေဖြင့် သဘာဝဘေးဒဏ်သင့်ဒေသများသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များအား စုဖွဲ့စေလွှတ်၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီ ထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။
May 30, 2023
ရခိုင်ပြည်နယ် လေဘေးသင့်ပြည်သူများအတွက် အိမ်အမိုးသွပ်များ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၌ပြုလုပ်ရာ နိုင်ငံတော်ဩဝါဒစရိယအဘိဓဇ မဟာရဋ္ဌဂုရု သောဠသမရွှေကျင်သာသနာပိုင် သီတဂူအဓိပတိ ဆရာတော် ဘဒ္ဒန္တဉာဏိဿရ ကြွရောက်တော်မူပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
