Feb 20, 2023
အားလုံးမင်္ဂလာပါ- ဒီနေ့ကျင်းပပြုလုပ်တဲ့ “(၅၁)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေး ဆိုင်ရာသုတေသနညီလာခံ” ကို တက်ရောက်လာကြတဲ့ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျန်းမာရေးပညာရှင်များ၊ သုတေသနပညာရှင်များနဲ့ ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ၊ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေကြောင်းဆုတောင်းလျက် ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။
Feb 20, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေးအတွက် စွမ်းစွမ်းတမံပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းခဲ့ပြီး ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင် အခမ်းအနားများကို အောင်မြင်စွာ ကျင်းပခဲ့ကာ အခမ်းအနား တက်ရောက်လာသည့် ဘွဲ့ခံပုဂ္ဂိုလ်များထံ ရရှိသည့် ဂုဏ်ထူးဆောင်ဘွဲ့များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကိုယ်တိုင်တစ်ဦးချင်း လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ပြီးဖြစ်သည်။
Feb 20, 2023
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်နေ အမျိုးသမီး ၁ ဦးက ၎င်း၏ KBZ Bank Account အတွင်းမှ ငွေကျပ် ၁၀၂၀ သိန်းအားလည်းကောင်း၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကမာရွတ်မြို့နယ်နေ အမျိုးသမီး ၁ ဦးက ၎င်း၏ KBZ Bank Account အတွင်းမှ ငွေကျပ် ၃၇၀ သိန်းအားလည်းကောင်း မသမာသူများက Online အသုံးပြု၍ လိမ်လည် ထုတ်ယူ သွားကြောင်း အမှုများဖွင့်လှစ်တိုင်ကြားလာသဖြင့် သင်္ဃန်းကျွန်းမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့ရှိ သက်ဆိုင်ရာရဲစခန်း အသီးသီးတွင် အမှုများဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၀-၂-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီ
Feb 20, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၉-၂-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၀-၂-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၅၇၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်မတွေ့ရှိရပါ။
Feb 20, 2023
(၅၁)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် အမှတ်(၅) ဇီဝကလမ်း ဒဂုံမြို့နယ်ရှိ ဆေးသုတေသနဦးစီးဌာန၌ ကျင်းပသည်။
Feb 20, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းက ပြင်ဦးလွင်မြို့ရှိ မြန်မာစီးပွားရေးဦးပိုင်လီမိတက်၊ အထည်ချုပ်စက်ရုံ (ပြင်ဦးလွင်) နှင့် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်းတို့သို့လည်းကောင်း၊ ညနေပိုင်းတွင် မင်္ဂလာ (မန္တလေး) မြို့ပြ အိမ်ရာစီမံကိန်းသို့လည်းကောင်း သွားရောက်ကြည့်ရှုလေ့လာသည်။
Feb 20, 2023
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင်ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ) အဆောက်အဦသုတေသနနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲ နှင့် လမ်းသုတေသနနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲရုံးသို့ ကြည့်ရှုစစ်ဆေးသည်။
Feb 20, 2023
သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရဦးစီးမှုဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးမောင်ကို၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တို့သည် ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့ ထုံးဘိုကျေးရွာရှိ “သီတဂူ ဆန်ချီစေတီတော်” တည်ထားမှုအား ထီးတော်တင်လှူ ပူဇော်ကြသည်။
Feb 20, 2023
ကချင်ပြည်နယ် သမဝါယမဦးစီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနတို့ ချိတ်ဆက်ပြီး မြစ်ကြီးနားမြို့နယ်ရှိ အေးချမ်းသာ ငွေစုငွေချေးသမဝါယမအသင်းက မန္တလေး တိုင်းဒေသကြီးညောင်ဦးမြို့နယ် သမဝါယမအသင်းစုမှထုတ်လုပ်သော မြေပဲဆီသန့် ပိဿာချိန် ၅၀၀ ကို ဆဋ္ဌမအကြိမ်အဖြစ်ထပ်မံဝယ်ယူ၍ ဒေသပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် မြို့နယ်သမဝါယမဦးစီးဌာနများမှတစ်ဆင့် အသင်းသား ပြည်သူများသို့ ဖြန့်ဖြူးရောင်းချပေးသည်။
Feb 20, 2023
နေပြည်တော် ဖေဖော်ဝါရီ ၁၉
Feb 20, 2023
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်း ဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
Feb 20, 2023
အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တ ဆေကိန္ဒအား ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန် ဗုဒ္ဓတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဆရာတော် Prof. Dr. Phramaha Surasak က ယနေ့မွန်းလွဲ ၂ နာရီတွင် တက္ကသိုလ်ဗဟိုဆောင် ပုဂံခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။
Feb 20, 2023
နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက်ကြီး၏ ပဓာနနာယက ဆရာတော်အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကာဘိဝံသ၏ သက်တော် (၈၄) နှစ်ပြည့်မွေးနေ့ ကုသိုလ်တော်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစာသင်တိုက်ရှိ စိန်ရတုသာသနာ့မင်္ဂလာတော် ကျောင်းဆောင်ကြီး၌ပြုလုပ်ရာ ဆရာတော်ကြီး အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Feb 20, 2023
ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုသည် အချိန်ကာလအားဖြင့် သုံးနှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ယနေ့အချိန်ကာလအထိ ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် ရောဂါဖြစ်ပွားနေဆဲဖြစ်သည်။ ရောဂါဖြစ်ပွားမှုအရှိန်အဟုန်မှာ ကျဆင်းနေသော်လည်း ကမ္ဘာ့နိုင်ငံအချို့နှင့် အိမ်နီးချင်းနိုင်ငံ အချို့တွင် ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာသည့်အပြင် အိုမီခရွန်ဗီဇပြောင်း မျိုးကွဲသစ်များ လျင်မြန်စွာကူးစက်မှုများရှိနေ၍ မြန်မာနိုင်ငံ အနေဖြင့် ကိုဗစ်-၁၉ နှင့်အတူယှဉ်တွဲ၍ အစဉ်အမြဲနိုးကြားမှုဖြင့် ကာကွယ်ကြရမည်ဖြစ်သည်။
Feb 20, 2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၅) နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ
Feb 20, 2023
နိုင်ငံတစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ငွေကြေးအရင်းအနှီး၊ မြေရေအရင်းအမြစ်များနှင့် မြေပေါ်မြေအောက် သယံဇာတ စသည်တို့သာမက ကောင်းမွန်သည့် လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာဖွဲ့စည်းမှုများ၊ လူတို့၏ကျန်းမာရေးနှင့် ပညာရေးအဆင့်အတန်း တိုးမြှင့်ပေးမှုများနှင့် ပြည်သူလူထုအတွင်း မြင့်မားသောရည်ရွယ်ချက်အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ နိုးကြားထက်သန်မှုများ ရှိနေခြင်းတို့လိုအပ်သည်။ ငွေကြေးနှင့် သယံဇာတ အရင်းအမြစ်များထက် ဖန်တီးနိုင်စွမ်းရှိသည့် လူသားအရင်းအမြစ်က ပို၍ပင်အရေးကြီးသည် ဟူ၍ ပညာရှင်များက အသိအမှတ်ပြုကြသည်။
Feb 19, 2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်အတွင်း NUG ၊ CRPH လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ခရီးသည်တင်မော်တော်ယာဉ် ၁ စီးအား လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်မှုကြောင့် အပြစ်မဲ့ခရီးသွားပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
Feb 19, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Feb 19, 2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်း တွင် အဆိုပါစေတီတော်မြတ်ကြီး၏တောင်ခြေရှိ မင်္ဂလာမုခ်ဦး၌ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ဘုရားဖူးလာပြည်သူအများ တက်ရောက်ကြသည်။
