Feb 18, 2023
မြန်မာ-ရုရှားနှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက်စိန်ရတုအထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ Hilton ဟိုတယ်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်သည်။
Feb 18, 2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်အတွင်း၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ သီရိပျံချီဘွဲ့တံဆိပ်တော်ချီးမြင့်ခံရသော ဇွဲကပင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တကဝိဓဇနှင့် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် ဓမ္မသဟာရကျောင်း နာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသတို့အား သီရိပျံချီဘွဲ့တံဆိပ်တော်များနှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ ဆက်ကပ်သည့် အဂ္ဂမဟာမင်္ဂလ ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်များ
Feb 18, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၇-၂-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၈-၂-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၉၂၁) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၇) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၈) ရာခိုင်နှုန်း ရှိပါသည်။
Feb 18, 2023
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှားအရှေ့ဖျား ဖက်ဒရယ်တက္ကသိုလ်က ကြီးမှူးကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခမ်းအနားကို ယနေ့တွင် Virtual စနစ်ဖြင့်ကျင်းပသည်။
Feb 18, 2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် ကြူတောကျေးရွာသို့ရောက်ရှိပြီး ပဲတီစိမ်းစိုက် တောင်သူများ၏ စိုက်ခင်းများရိတ်သိမ်းနေမှု၊ အထွက်နှုန်းတိုးတက်မှုတို့ကို မေးမြန်းလေ့လာ ကြည့်ရှုအားပေးသည်။
Feb 18, 2023
လမ်းပေါ်နေကလေးများလျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစီမံချက် သုံးသပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Feb 18, 2023
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)မြစ်ကူးတံတားတည်ဆောက်ရေးစီမံကိန်း ရန်ကုန်ဘက်ခြမ်းလုပ်ငန်းခွင်သို့ရောက်ရှိရာ စီမံကိန်းကြီးကြပ်ရေး အဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက တံတားစီမံကိန်းလျာထားချက်နှင့် ဆောင်ရွက်ပြီးစီးမှု၊ ရန်ကုန်ဘက်ခြမ်းဘုန်းကြီး လမ်းတစ်လျှောက် ချဉ်းကပ်တံတားလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့်ဆင်ခြေလျှောတံတားနှစ်စင်း ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။
Feb 18, 2023
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Feb 18, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Feb 18, 2023
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တတိယအကြိမ်မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရုံးအမှတ် (၁၄)၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ စုံညီစွာတက်ရောက်ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
Feb 18, 2023
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP)သောကြာနေ့စကားဝိုင်း (Friday Talk)၏ အမှတ်စဉ် (၃)ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Feb 18, 2023
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းအဖွဲ့အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃)ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ Hybrid Meeting ဖြင့် ကျင်းပသည်။
Feb 18, 2023
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် အိန္ဒိယသမ္မတနိုင်ငံယဉ်ကျေးမှု၊ ခရီးသွားနှင့် အရှေ့မြောက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာဝန်ကြီး H.E. Shri G.Kishan Reddy တို့၏ Virtual Meeting ကို ယနေ့ညနေပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 18, 2023
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုတက်ရေး ဗဟိုကော်မတီ၏လုပ်ငန်းများကို အောင်မြင်စွာအကောင်အထည်ဖော်ရန် ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီများအနက် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 18, 2023
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဝန်ထမ်းများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် လောကနတ်ခန်းမ၌ကျင်းပရာ တွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး၊ သံအမတ်ကြီး ဦးမောင်မောင်လင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
Feb 18, 2023
ပြင်ဦးလွင်မြို့ ထုံးဘိုကျေးရွာ သီတဂူနွေရာသီစံကျောင်းတော်၌ သီတင်းသုံးတော်မူသည့် နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်နိကာယ ဥက္ကဋ္ဌ မဟာနာယက ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိမဟာနာယက ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ သီတဂူဆရာတော်ဘုရားကြီးအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် သွားရောက်ဖူးမြော်ကန်တော့ကာ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
Feb 18, 2023
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ “Safe ICT Services” စကားဝိုင်းအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၂) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 18, 2023
ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး(၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခါသမယတွင် အဆွေတော်အား လှိုက်လှဲစွာနှုတ်ခွန်းဆက်သအပ်ပါသည်။
Feb 18, 2023
မိမိတို့နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးထူထောင်သည့် (၇၅) နှစ်မြောက် အခါသမယတွင် အဆွေတော်အား နှုတ်ခွန်းဆက်သအပ်ပါသည်။
Feb 18, 2023
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်တွင် ကျရောက်သည့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက် အခါသမယတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရကိုယ်စားနှင့် မိမိတို့မှအဆွေတော်ထံသို့ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း နှုတ်ခွန်းဆက်သအပ်ပါသည်။
