Skip to main content

Feb 18, 2023

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခါသမယတွင် မြန်မာနိုင်ငံအစိုးရကိုယ်စားနှင့် မိမိအနေဖြင့် အဆွေတော်နှင့်အဆွေတော်မှတစ်ဆင့် ရုရှားနိုင်ငံအစိုးရအဖွဲ့ထံသို့ လှိုက်လှဲစွာဂုဏ်ယူဝမ်းမြောက်ကြောင်း နှုတ်ခွန်းဆက်သပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2023

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်တွင် ကျရောက်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခါသမယ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊

ဆက်လက်ဖတ်ရှုရန်

Feb 18, 2023

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ကျရောက်သည့် မြန်မာ-ရုရှား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခါသမယတွင် မြန်မာပြည်သူများနှင့်အတူ မိမိအနေဖြင့် အဆွေတော်နှင့် အဆွေတော်ထံမှတစ်ဆင့် ရုရှားပြည်သူများသို့ လှိုက်လှဲစွာဂုဏ်ယူဝမ်းမြောက်ကြောင်း နှုတ်ခွန်းဆက်သပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2023

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ သံတမန်ဆက်သွယ်ထူထောင်မှုသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် (၇၅)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။  သံတမန်ဆက်သွယ်ထူထောင်မှု စိန်ရတုကာလတွင် မြန်မာ-ရုရှားချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေပြီး ကဏ္ဍပေါင်းစုံ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံလက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိရာ အမြဲတမ်းမိတ်ဆွေနိုင်ငံ၊ အမြဲတမ်းမဟာမိတ်နိုင်ငံအဖြစ် ရပ်တည်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိရာတွင် “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်။”ဟူသော လုပ်ငန်းစဉ်(၄)နှင့်အညီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2023

အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများ မတရားအနိုင်ကျင့် ဖမ်းဆီးချုပ်နှောင်ထားသည့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့ရွာအချို့မှ နိုင်ငံ့ဝန်ထမ်းများ၊ ကျေးရွာသူ၊ ကျေးရွာသားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပုလောမြို့နယ်၊ ကဒဲကျေးရွာအတွင်းရှိ နေအိမ်အတွင်းမှကောင်းမွန်စွာ ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2023

မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် အသုံးပြုနိုင်ရေးအတွက် စေတနာရှင်အလှူရှင်များက အလှူငွေများလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ အလှူရှင်နှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2023

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2023

မကွေးတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့သည် ယနေ့တွင် တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားကျေးရွာရှိ ပေါ်တော်မူဆုတောင်းပြည့်ဘုရားကြီးကျောင်းဓမ္မာရုံ၌အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူစုစုပေါင်း ၄၂၇ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2023

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် အစားထိုးခန့်အပ်ခြင်း

ဆက်လက်ဖတ်ရှုရန်

Feb 17, 2023

ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

ဆက်လက်ဖတ်ရှုရန်

Feb 17, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၆-၂-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၇-၂-၂၀၂၃) ရက်နေ့၊ ည(၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၂၂၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိရပါ။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2023

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ မင်းလှကျေးရွာတွင် ကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသည့် လုပ်ငန်းရှင် ဒေါ်နွယ်အား CP အသားစားကြက် မွေးမြူပုံအဆင့်ဆင့်အား မေးမြန်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2023

တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှု လျာထားချက်တွင် ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း (၇၀.၀၀၀)သန်း၊ သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း (၃.၀၀၀)သန်း၊ စုစုပေါင်းကုန်သွယ်မှု ပမာဏမှာ ကျပ်သန်း (၇၃.၀၀၀) သန်းဖြစ်ပါသည်။ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာဘာလအထိ (၉) လတာ ကာလအတွင်း ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း (၇.၈၅၀)သန်း၊ သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်း (၄.၁၉၁)သန်း၊ စုစုပေါင်းကုန် သွယ်မှုပမာဏမှာ (၁၂.၀၄၁)သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်း (၀.၈၃၇) သန်း၊ သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်း (၀.၈၈၀) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာသန်း (၁.၇၁၇) သန်း ဆောင်ရွက်နိုင်ခဲ့သည့်အတွက် (၁၀)လတာ ကာလအတွင်း စုစုပေါင်း ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်း (၈.၆၈၇) သန်း၊ သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်း (၅.၀၇၀) သန်း၊ ကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာသန်း (၁၃.၇၅၇)သန်းဖြစ်၍ (၁)နှစ်စာ လျာထားချက်အပေါ် (၁၈.၈၄၅)% ဆောင်ရွက်နိုင်ခဲ့ပြီး၊ ၂၀၂၂ ခုနှစ်၊ ဧပြီလမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအထိ (၁၀)လတာ လျာထားချက်အပေါ် (၂၄.၆၉၈)% ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း တမူးနယ်စပ် ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2023

လက်ဖက်ပင်သည် အပင်ငယ်မျိုးဖြစ်ပြီး အမြဲတမ်းစိမ်းစိုလျက်ရှိသည်။ သဘာဝအလျောက် ပေါက်သော လက်ဖက်ပင်သည် ပေ ၃၀ ခန့်အထိ မြင့်နိုင်သည်။ သို့သော် လက်ဖက်ခြံများတွင်မူ ထိုမျှလောက် မြင့်အောင်မထားဘဲ လေးပေငါးပေလောက်သာ မြင့်ရန် အစဉ်ဖြတ်ထားပေးလေ့ရှိသည်။ ရည်ရွယ်ချက်မှာ အကိုင်းအခက်များစွာ မထွက်ဘဲ အရွက်များကို များနိုင်သမျှ များစေရန်ဖြစ်သည်။ လက်ဖက်ရွက်ခူးသူများသည် များသောအားဖြင့် အမျိုးသမီးနှင့် ကလေးများသာဖြစ်သည့်အတွက် အရွက်များခူးရာတွင် လက်လှမ်းမှီမှီနှင့် တစ်ပင်လုံးကို ခူးနိုင်စေရန် ဖြစ်လေသည်။ လက်ဖက်ပင်တွင် လက်ဖက်ရွက်သည် အသုံးဝင်အဖိုးတန်သော ပစ္စည်းဖြစ်၏။ လက်ဖက်စိုက်ပျိုးရာတွင် လက်ဖက်စေ့များကို သင့်တော်သောမြေ၌ ဦးစွာပျိုးပေး၍ တစ်ပေလောက်ကြီးလာသောအခါမှ ခြံများသို့ ရွှေ့ပြောင်းပြီးလျှင် တစ်ပင်နှင့် တစ်ပင်ကို ငါးပေခြောက်ပေခန့်ခွာ၍ စိုက်ရသည်။ အများအားဖြင့် လက်ဖက်ပင်များကို တောင်စောင်းများတွင် လှေကားထစ်သဖွယ် အဆင့်ဆင့်ပြုလုပ်၍ စိုက်ပျိုးလေ့ရှိကြလေသည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2023

ကလေးမြို့နယ်တွင် ငရုတ်သီးပင်များကို ၂၀၂၂ခုနှစ်၊ အောက်တိုဘာလတွင် ပျိုးထောင်ကာ နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် သီးညှပ်ငရုတ်သီးများ စတင်သီးပြီး ဖေဖော်ဝါရီလတွင် ငရုတ်သီးများ လှိုင်လှိုင်ကောက်ယူရမည်ဖြစ်ပါသည်။ ယခင်နှစ်များက ငရုတ်တစ် ပိဿာလျှင် ဖောက်သည်ဈေး (၁၅၀၀-၂၀၀၀)ကျပ် ဝန်းကျင်သာ ဈေးနှုန်းရှိခဲ့ပြီး ယခုနှစ်တွင် ကလေးမြို့မှ ငရုတ်သီးများ လှိုင်လှိုင်မပေါ်သေးသည့်အတွက် ငရုတ်သီးဈေးကွက်မှာ ဖောက်သည်ဈေး တစ်ပိဿာ (၇၀၀၀-၈၀၀၀)ကျပ် ဈေးနှုန်းသို့ ရောက်ရှိခဲ့ပြီး လက်လီဈေးကွက်တွင် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2023

တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့ရှိ “Light House” အမှတ်တံဆိပ် ကော်ဖီမှုန့်အား ထုတ်လုပ်ရာတွင် ကော်ဖီပင်များအား ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်ရောင်းချလျက်ရှိသည်။ ကော်ဖီမှုန့်ထုတ်လုပ်ရန် လိုအပ်သောကုန်ကြမ်းဖြစ်သည့် ကော်ဖီစေ့များအား မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် ကိုယ်ပိုင်စိုက်ခင်းများဖြင့် ဧက(၅၀၀)ခန့် စိုက်ပျိုးထားကြောင်း၊ ကိုယ်ပိုင်စိုက်ခင်းများမှ စိုက်ပျိုးထွက်ရှိလာသော ကော်ဖီစေ့များအား ရန်ကုန်မြို့တွင် အခွံချွတ်ပြီး လှော်ကြောင်း၊ အခွံချွတ်လှော်ထားပြီးဖြစ်၍ အသင့်ကြိတ်၍ရသော လှော်ပြီးသား ကော်ဖီစေ့များအား ပါကင်ထုတ်၍ လည်းကောင်း၊ အမှုန့်ကြိတ်ပြီး ပါကင်ထုပ်၍ လည်းကောင်း ဖြန့်ဖြူးရောင်းချကြောင်းသိရပါသည်။

ဆက်လက်ဖတ်ရှုရန်