Skip to main content

Nov 28, 2022

 KNU၊ KNLA မှ အကြမ်းဖက်မှုကိုလိုလားသောအဖွဲ့နှင့် PDF အမည်ခံအကြမ်း ဖက်သမားများ ထိန်းချုပ်ထားသည့် ‌‌ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသ တစ်ဝိုက်နှင့် မြဝတီ-ဝေါလေကား လမ်းတစ်လျှောက်တို့အား တပ်မတော်စစ်ကြောင်းများက ယနေ့တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2022

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များ၊ လမ်း၊ တံတားများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ကျေးရွာများအတွင်း ဝင်ရောက်၍အဖျက်အမှောင့် လုပ်ရပ်များ လုပ်ဆောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား မကွေးမြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မကွေးတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား နယ်မြေခံတပ်၊ သီဟသူရကျင်စံခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2022

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများ အား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၇-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၈-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၇,၆၈၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၉) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၃၈) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2022

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2022

တိရစ္ဆာန်အစာ စိုက်ပျိုးကျွေးမွေးသည့် မွေးမြူရေးစနစ် ထွန်းကားလာစေရန် မွေးမြူရေးခြံ တည်ထောင်ဆောင်ရွက်ခြင်းနှင့်အတူ စိတ်ဝင်စားလုပ်ကိုင်လိုသည့် မွေးမြူရေးတောင်သူများ ကိုလည်း လိုအပ်ချက်များ ကူညီဖြည့်ဆည်းပေးနိုင်ရေးနှင့် ကူးစက်ရောဂါ ကာကွယ်ရေးအတွက် စောင့်ကြည့်လေ့လာကြရန်လို ကြောင်း နိုဝင်ဘာ ၂၆ ရက်က ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ညောင်နှစ်ပင် စိုက်ပျိုး မွေးမြူရေးဇုန်ရှိ မွေးမြူရေး တောင်သူများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2022

နိုင်ငံတော်မှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကြီးများ၏ နိုင်ငံနှင့်ပြည်သူအတွက် ကြိုးစားပေးမှုကို ဂုဏ်ပြုသောအားဖြင့် အသက် ၆၀ ပြည့်မြောက်ချိန်မှစပြီး အသက်ရှင်နေသမျှ ကာလပတ်လုံး လစဉ်ချီးမြှင့်ကြေးများ ထောက်ပံ့ပေးလျက်ရှိရာ ယခုဆိုလျှင် ၂၂၃ ဦးအတွက် စုစုပေါင်းငွေကျပ် ၁၄၄ သိန်း လစဉ်ချီးမြှင့်ပေးနေပြီဖြစ်ကြောင်းနှင့် ထပ်မံ၍ အသက် ၆၀ ပြည့်ပြီးသူများကို ခံစားခွင့် ရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2022

ရန်ကုန်တိုင်းဒေသကြီးအတွင်း နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ဆောင်ရွက်သွားမည့် အစီအမံများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်)အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၄ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မကွေးမြို့နယ် ကံလှကျေးရွာ နတ်မောက်လမ်းနှင့်သင်ကြားရေးလမ်းဆုံအနီး၌ လိုင်စင်မဲ့ TOYOTA ALPHARD အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ မင်းဘူးမြို့ ထောက်ရှာပင်-ထန်းကိုင်း- မန်းရေနံမြေ ဟေလာတောင် နယ်မြေအတွင်း၌ တရားမဝင် ရေနံစိမ်း ၁၀ ဂါလန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၀၀၀၀) ကို ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးအက်ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၃၀၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2022

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်၌ ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2022

စက်မှုဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း နိုင်ငံတော်မှ ချီးမြှင့်အပ်နှင်းသည့် စွမ်းဆောင် မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ် ရရှိခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သလ္လာဝတီလမ်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသည့် စက်မှုဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိကြီးများ၊ ဂုဏ်ထူးဆောင် တံဆိပ်ရရှိသည့် ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2022

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ (မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ)က ဦးဆောင်၍ အစိုးရဌာနအသီးသီးနှင့် စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် ပြည်သူလူထုတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးအား အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ကြစေရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2022

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၂၁၁/၂၀၂၂ ဖြင့် နယ်ပယ်အသီးသီးတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များကို ချီးမြှင့်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2022

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ကြားလျက်ရှိသည့်် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ခိုလမ်တပ်နယ်ရှိ ကျောင်းသား ကျောင်းသူများအား(ဒုတိယအကြိမ်) ကျောင်းဝတ်စုံများ၊ ကျောင်းသုံးစာရေးကိရိယာများနှင့် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အောင်ဇေယျခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစု များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2022

တရုတ် - အာဆီယံ ဆောက်လုပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်နှင့် အဆင့်မြင့်အရည်အသွေးရှိ နေထိုင်မှုဝန်းကျင်ပြပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က Video Key Note Speech ဖြင့် အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2022

အိန္ဒိယ - မြန်မာ ကုန်သည်များအသင်း အသင်းဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် ရွှေဘုံသာလမ်းထောင့်ရှိ India Centre ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2022

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများမှ ကျောင်းအခြေပြုသင်တန်း (၆/ ၂၀၂၂) ဖွင့်လှစ်ရန် သင်တန်းသားခေါ်ယူခြင်း

ဆက်လက်ဖတ်ရှုရန်

Nov 28, 2022

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Nov 28, 2022

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ၄၄၂၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

ဆက်လက်ဖတ်ရှုရန်