May 02, 2022
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ သတင်းပေးပို့ တိုင်ကြားနိုင်ရေးအတွက် လိပ်မူတိုင်ကြားရန် လိပ်စာများကို မီဒီယာများမှတစ်ဆင့် ပြည်သူကို အသိပေး ထားသည်။ တစ်ဦးတစ်ယောက်အဂတိလိုက်စားခြင်း၊ အဂတိ လိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာခြင်းတို့ကို သက်သေခံ အထောက်အထားများဖြင့် သတ်မှတ်ချက်များနှင့် အညီ တိုင်ကြားကြရန်လည်း လိုအပ်သည်။
May 01, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ် ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းအား အထူး ဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
May 01, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၃)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
May 01, 2022
နိုင်ငံတော်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးစသည်တို့ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ယခုထက် ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၄ ၊ ၂၈၄ (ခ) တို့နှင့်အညီ မူလက ခရိုင်(၇၅)ခရိုင်ဖြင့် ဖွဲ့စည်းထားရှိရာမှ ၂၀၂၂ခုနှစ်၊ ဧပြီလ ၃၀ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ်၊ ၃၁၉/၂၀၂၂၊ ၃၂၀/၂၀၂၂၊ ၃၂၁/ ၂၀၂၂၊ ၃၂၂/ ၂၀၂၂၊ ၃၂၃/ ၂၀၂၂၊ ၃၂၄/ ၂၀၂၂၊ ၃၂၅/ ၂၀၂၂၊ ၃၂၆/ ၂၀၂၂၊ ၃၂၇/ ၂၀၂၂၊ ၃၂၈/ ၂၀၂၂၊ ၃၂၉/ ၂၀၂၂၊ ၃၃၀/ ၂၀၂၂၊ ၃၃၁/ ၂၀၂၂၊ ၃၃၂/ ၂၀၂၂၊ ၃၃၃/ ၂၀၂၂ တို့ဖြင့် ခရိုင်(၄၆)ခရိုင်အား အောက်ပါအတိုင်း ထပ်မံတိုးချဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်-
May 01, 2022
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာသာသနာ့ဗိမာန် တော်ကြီး၌ အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုလျက် ရှိသော သံဃာတော်များနှင့် သီလရှင်များကို ဖူးမြော် ကြည်ညိုသည်။
May 01, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး သင်တန်းသားရွေးချယ်ရေးဗဟိုကော်မတီဥက္ကဋ္ဌ - ၂ ဗိုလ်ချုပ် ဖြိုးသန့်သည် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်လင်း၊ တာဝန်ရှိသူများနှင့်အတူ ဧပြီ ၂၈ ရက်မှ ဧပြီ ၃၀ ရက်အထိ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်အစည်းအဝေးခန်းမနှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် အစည်းအဝေးခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်သင်တန်း တက်ရောက်ကြမည့် သင်တန်းသား သင်တန်းသူများ အတည်ပြုရွေးချယ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။
May 01, 2022
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဧပြီ ၁၄ ရက်တွင် လက်ကောက်ဝတ်အထက်မှ ပြတ်တောက်သွား သောလက်အား ပြန်လည်ဆက်ပေးသည့် ခွဲစိတ်ကုသမှုကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
May 01, 2022
ယနေ့ အခါသမယသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းရှိ အလုပ်သမားကြီးများကို အလေးအနက်ဂုဏ်ပြုသည့် အလုပ်သမားနေ့ အခါသမယဖြစ်ပါသည်။ ယခုလို သမိုင်းဝင် အခါသမယတွင် မြန်မာနိုင်ငံရှိ အလုပ်သမားထုကြီးတစ်ရပ်လုံး မြန်မာ့နှစ်သစ်နှင့်အတူ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး ကောင်းကျိုး လိုရာဆန္ဒများ ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
May 01, 2022
အရင်းရှင်စနစ်တွင် စက်ယန္တရားများကို အသုံးပြု၍ ကုန်ပစ္စည်းအမြောက်အမြား ထုတ်လုပ်လာ နိုင်သည့် အချိန်မှစ၍ ၁၉ ရာစု စက်မှုအရင်းရှင်နိုင်ငံများတွင် အလုပ်သမား လူတန်းစား ပေါ်ပေါက်လာသည်။ ထိုခေတ်အရင်းရှင်တို့၏ မတော်မတရား ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများ ကြောင့် အလုပ်ချိန်လျှော့ချရေး၊ လုပ်ခလစာတိုးမြှင့်ပေးရေး အစ ရှိသည့် အလုပ်သမားတို့၏ အခွင့်အရေးအတွက် တိုက်ပွဲဝင်မှု များသည် အမေရိကနှင့် အနောက်ဥရောပနိုင်ငံများတွင် ၁၉ ရာစုနှစ် အစောပိုင်းမှသည် ၁၉ ရာစုကုန်ပိုင်းအထိ အဆက်မပြတ်ဖြစ်ပေါ်ခဲ့သည်။ ဆိုရှယ်လစ်နှင့် ကွန်မြူနစ်တို့၏ ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ ညီလာခံကို ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ၁၈၈၉ ၌ ကျင်းပခဲ့ရာ အဆိုပါညီလာခံက နှစ်စဉ် မေလ ၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအလုပ်သမား နေ့အဖြစ် သတ်မှတ်ပေးခဲ့သည့်အတွက် ကမ္ဘာ့နိုင်ငံအသီးသီး တို့တွင် အလုပ်သမားနေ့ ကျင်းပခဲ့သည်မှာ နှစ်ပေါင်း ၁၃၀ ကျော်ခဲ့ပြီဖြစ်သည်။
Apr 30, 2022
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ အမှတ်(၇) ရပ်ကွက်နေ စိုးနိုင် (ဘ) ဦးစောသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ ဖော်ဝါရီလ ၁၂ ရက်အတွင်း လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွင်းပြုလုပ်သည့် ဆူပူဆန္ဒပြမှုများတွင် ကိုယ်တိုင်ပါဝင်ခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက် အုပ်စုများအဖြစ် သတ်မှတ်ကြေညာ ထားသည့် အဖွဲ့အစည်းများနှင့်
Apr 30, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက် ရှိပါသည်။
Apr 30, 2022
အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများမှ ကျောင်းအခြေပြုသင်တန်း (၁/၂၀၂၂)ဖွင့်လှစ်ရန် သင်တန်းသားခေါ်ယူခြင်း
Apr 30, 2022
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် ခရီးသွားများအတွက် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း
Apr 30, 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက်အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှယာဉ်စီးရေ တစ်စီးဖြင့် နှာခေါင်းစည်း(Mask)၇ ဒသမ၂၀ တန်ကို တင်သွင်းခဲ့ကြောင်း သိရသည်။
Apr 30, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၃)ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Apr 30, 2022
အစိုးရနည်းပညာကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံများ၏ A.G.T.I သင်တန်းများ စတင်ဖွင့်လှစ်မည့် ကြေညာချက်
Apr 30, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်း ရေးကိုပျက်ပြားစေရန်နှင့်ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက် များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Apr 30, 2022
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၇ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မကွေးမြို့နယ် အတွင်း ရွှေကျင်ရာတွင် အသုံးပြုသည့် တရားမဝင်ကျောက်စုပ် မော်တော်ယာဉ် ၁၁ စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၆၅,၀၀၀,၀၀၀) ကိုပြည်တွင်းရေကြောင်းသွား ရေယာဉ်ဥပဒေအရ လည်းကောင်း၊ သံခွန်စက်လှေ လေးစင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၄၀,၀၀၀,၀၀၀) နှင့်ကုန်တင်စက်လှေတစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၀၀,၀၀၀)ကိုရေအရင်းအမြစ်နှင့် မြစ်ချောင်းများဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ်၄၀၆,၅၀၀,၀၀၀) ကိုဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
