Apr 30, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ အထက်ဒေသခံ ပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည် ရောဂါအခံရှိသူများ၊ကယ်ဆယ်ရေး စခန်းများ၊ ယာယီတိုက်ပွဲရှောင် စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများ စသည့်ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
Apr 30, 2022
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အရာထမ်းများ လုပ်ငန်းကျွမ်းကျင်မှု အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ကျင်းပသည်။
Apr 30, 2022
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်းအရာထမ်း၊အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
Apr 30, 2022
ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန် အတွက်ယနေ့တွင်တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများသည် မိုင်းဆတ်တပ်နယ်ရှိ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Apr 30, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ သင်တန်းသားရွေးချယ်ရေးဗဟိုကော်မတီဥက္ကဋ္ဌ-၁ ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးသည် ဒုတိယဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန်/ တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦး၊တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီတွင် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန်အစည်းအဝေးခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ် ပထမနှစ်သင်တန်း တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများကို အတည်ပြုရွေးချယ်ခြင်းအခမ်းအနားသို့ တက်ရောက်သည်။
Apr 30, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(၁၄)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲမဟာမင်္ဂလာ အခမ်းအနားကျင်းပရေးလုပ်ငန်း ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုယမန်နေ့ မွန်းလွဲ ၁ နာရီ တွင်နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနစုပေါင်းအစည်း အဝေးခန်းမ၌ကျင်းပရာ ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ဒုတိယဝန်ကြီးများ၊ ဆပ်ကော်မတီ ခုနစ်ခုတို့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
Apr 30, 2022
နိုင်ငံတစ်နိုင်ငံတွင်ကုန်စည်စီးဆင်းမှုစနစ်တကျ ခိုင်မာအားကောင်းပါမှ ထိုနိုင်ငံနှင့်နိုင်ငံသားများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်သည်။ ကုန်စည်စီးဆင်းမှု မှန်ကန်ချောမွေ့စေရေး အတွက်ခိုင်မာအားကောင်းသည့် ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းဥပဒေများဖြင့် အကောက် အထည်ဖော်ဆောင်ရွက်ပြီး တရားမဝင်ကုန်သွယ်မှုများမရှိစေရန် ထိထိရောက်ရောက် တိုက်ဖျက်သွားရမည်ဖြစ်သည်။
Apr 30, 2022
ဗီယက်နမ်နိုင်ငံတွင်ကျင်းပမည့်(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပြိုင်ပွဲဝင်မည့် အားကစားသမား ၂၉၃ ဦးတို့က အားကစားနည်း ၂၀ ၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ရာ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန် ကြိုးပမ်းယှဉ်ပြိုင်သွားကြမည့် အားကစားအဖွဲ့များအား အောင်နိုင်ရေးအလံကို အပ်နှင်းလိုက်ပြီဖြစ်သည်။ အားကစားနည်း ၄၀ထည့်သွင်းကျင်းပသွား မည်ဖြစ်သည့်ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံက ဆုတံဆိပ်ရရှိရန် အလားအလာရှိသည့် အားကစားနည်း ၂၀ ၌သာ ဝင်ရောက်ယှဉ်ပြိုင်သွားရန် ဦးတည်ပြင်ဆင်လေ့ကျင့်ခဲ့ကြခြင်းဖြစ်ရာ ရည်မှန်းချက် အတိုင်းအပြည့်အဝအောင်မြင်မှုရရှိနိုင်ရန် အားကုန်ထုတ်၍ အမြင့်မားဆုံးစိတ်ဓာတ်ဖြင့် ကြိုးပမ်းစွမ်းဆောင်ကြရမည်ဖြစ်သည်။
Apr 29, 2022
ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ပေးမည့်ကိစ္စရပ်များ မပါ)အား ၂၀၂၂ ခုနှစ်၊ မေလ ၃၁ ရက်နေ့အထိ ရက်တိုးမြှင့် သတ်မှတ်ဆောင်ရွက်ထားပါကြောင်း အသိပေးကြေညာအပ်ပါသည်။
Apr 29, 2022
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ခရီးသည် တင်ယာဉ် ၂ စီးအား မိုင်းထောင်ဖောက်ခွဲ၍ သေနတ်များဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ခရီးသွားပြည်သူ ၃ ဦးသေဆုံးကာ ၂၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Apr 29, 2022
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက် ဖောက်ခွဲမှုများပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများအား စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရပါသည်။
Apr 29, 2022
ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များအား အောင်နိုင်ရေးအလံအပ်နှင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)ဆောင်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။
Apr 29, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။
Apr 29, 2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ညွှန်ကြားရေးမှူးချုပ်များ၊တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်၊ မအူတော ကျေးရွာအုပ်စု၊ စိမ်းစားပင်ကျေးရွာရှိ ရွှေဇေယျာ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ စမ်းသပ်လည်ပတ်လျက်ရှိသော ဆန်စက်သို့ ရောက်ရှိပြီး ရွှေဇေယျာစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ တာဝန်ရှိသူများ၊ စက်ရုံတာဝန်ခံများနှင့် တွေ့ဆုံသည်။
Apr 29, 2022
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ (၈)ကြိမ်မြောက် မိတ်ဖက်အဖွဲ့အစည်းများ ညှိနှိုင်းအစည်းအဝေး (8th Partnership Meeting) ကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ Wyndham Grand Hotel ၌ hybrid system ဖြင့်ကျင်းပသည်။
Apr 29, 2022
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူ များနှင့်အတူ ယနေ့ညနေပိုင်းတွင် ရန်ကုန်ပညာရေး တက္ကသိုလ်မှ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ပညာရေးဘွဲ့ စာပေးစာယူ အမှတ်စဉ်(၃၇) ဒုတိယနှစ်နှင့် အမှတ်စဉ် (၃၈)ပထမနှစ် သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံပွဲကို ရန်ကုန်မြို့ ရန်ကုန် ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပသည်။
Apr 29, 2022
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန၊ နီလာခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသော “တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် လအလိုက်ရာသီ ပွဲတော်များ၊ ပြပွဲ/ ပြိုင်ပွဲများ၊ အခမ်းအနားများကျင်းပခြင်းနှင့် စပ်လျဉ်း၍ နှစ်ပတ်လည် အစီအစဉ်များ ရေးဆွဲရေးဆိုင်ရာ” အစည်းအဝေးသို့တက်ရောက်သည်။ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန၊ နီလာခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသော “တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် လအလိုက်ရာသီ ပွဲတော်များ၊ ပြပွဲ/ ပြိုင်ပွဲများ၊ အခမ်းအနားများကျင်းပခြင်းနှင့် စပ်လျဉ်း၍ နှစ်ပတ်လည် အစီအစဉ်များ ရေးဆွဲရေးဆိုင်ရာ” အစည်းအဝေးသို့တက်ရောက်သည်။
Apr 29, 2022
တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီ အစည်းအဝေး အမှတ်စဉ်(၅/၂၀၂၂)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 29, 2022
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားစီမံရေးဦးစီးဌာနနှင့် Natural Current Energy Hydropower Co., Ltd တို့အကြား ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် နမ္မတူမြစ်ပေါ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် နမ္မတူ(သီပေါ) ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စီမံကိန်းဆိုင်ရာ ပဋိညာဉ်စာချုပ်လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 29, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၃)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
