Jan 01, 2026
၂၀၂၅ ခုနှစ်ကုန်ဆုံးလို့ ၂၀၂၆ ခုနှစ်ကို ကူးပြောင်းရောက်ရှိလာတဲ့ နှစ်သစ်ကူးအခါသမယမှာ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ မိဘပြည်သူတိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပြီး ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေလို့ ဦးစွာဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
Jan 01, 2026
၂၀၂၅ ခုနှစ် ကုန်ဆုံးပြီး ၂၀၂၆ ခုနှစ် နှစ်သစ်ကို စတင်ရောက်ရှိပြီဖြစ်သည်။ နှစ်သစ်တစ်နှစ်သို့ စတင်ရောက်ရှိသည့်အချိန်တွင် ကမ္ဘာပေါ်ရှိလူသားအားလုံးတို့အနေဖြင့် ပျော်ရွှင်ချမ်းမြေ့မှုအပေါင်းတို့ကို တစုတဝေးတည်း စတင်အချက်ပေး၍ ကြိုဆိုခဲ့ကြသည်။ နိုင်ငံအားလုံးတို့တွင် နှစ်သစ်ကြိုဆိုပွဲများပြုလုပ်ကြရာ မြန်မာနိုင်ငံအနေဖြင့်လည်း အတူပါဝင်ပျော်ရွှင်စွာကြိုဆိုခဲ့ကြပေသည်။ ယခု ၂၀၂၆ ခုနှစ် နှစ်သစ်အနေဖြင့် မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့်မတူ တစ်မူထူးကဲစွာ မင်္ဂလာအပေါင်းတို့ပေါင်းစုပြီး ကြိုဆိုခဲ့ကြသည်။
Jan 01, 2026
နှစ်သစ်သို့ကူးပြောင်းသည့်အခါ နှစ်ဟောင်းကိုလည်း ပြန်လည်ဆင်ခြင်ကြည့်ကြရာသည်။ အနီးဆုံးသောအတိတ်တွင် ကျန်ရစ်နေသည့်အောင်မြင်မှုနှင့် ရှုံးနိမ့်မှုများ၊ ကောင်းကျိုးနှင့် ဆိုးပြစ်များ၊ ဂုဏ်ယူဖွယ်နှင့် ဝမ်းနည်းရှက်ရွံ့ဖွယ်များ စသည်တို့မှာ ရှေ့ဆက်ရမည့်ခရီးအတွက် သင်ခန်းစာများပင်ဖြစ်သည်။ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ဟူသော ကာလသုံးပါးတွင် မိမိတို့သည် ပိုမိုကောင်းမွန်သောအနာဂတ်ကိုမျှော်မှန်း၍ ပစ္စုပ္ပန်၌ အလုပ်လုပ်ကြသည့်အခါ အတိတ်၏သင်ခန်းစာများကို ကောင်းစွာအသုံးချနိုင်ကြဖို့လိုသည်။ အမှားကိုရှောင်၍ အမှန်ကို ရွေးချယ်နိုင်ကြသည်နှင့်အမျှ မိမိတို့၏ စိတ်ကူးအိပ်မက်များ လက်တွေ့အကောင်အထည်ပေါ်လာမည်ဖြစ်သည်။
Dec 31, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Dec 31, 2025
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
Dec 31, 2025
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်တို့သည် တာဝန်ရှိသူများနှင့်အတူ သီးခြားစီသွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
Dec 31, 2025
ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရုံးအမှတ် (၁၃) ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
Dec 31, 2025
မြေဩဇာကော်မတီ၏ (၄၆) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 31, 2025
၂၀၂၅ ခုနှစ် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ (မူကြမ်း) နှင့် ယစ်မျိုးဥပဒေ (မူကြမ်း) တို့နှင့် စပ်လျဉ်းသည့် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 31, 2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး (အမျိုးသမီး) ပြိုင်ပွဲများကို ယနေ့နံနက် ၇ နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း (၄) ၌ ကျင်းပရာဝန်ကြီးဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးကြသည်။
Dec 31, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Dec 31, 2025
ဧရာဝတီတိုင်းဒေသကြီးမှ အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Dec 31, 2025
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ ကဗျာပေါင်းချုပ်၊ ဒုတိယဆုရရှိသည့် စာရေးဆရာမ ရွှန်းညို (တာချီလိတ်) ၏ “ရှမ်းရှေ့မြေရနံ့နှင့် ကဗျာစုများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
Dec 31, 2025
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ ကလေးစာပေတတိယဆုရ စာရေးသူ ညိမ်းညို၏ “ရင်သွေးရတနာ ကလေးကဗျာများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
Dec 31, 2025
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု ကလေးစာပေ ဒုတိယဆုရရှိသည့် စာရေးဆရာမအင်ကြင်းမေ၏ “စိတ်ကောင်းနှင့် ယှဉ်ရှေးရှုနှင်နှင့် ကလေးဝတ္ထုတိုများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
Dec 31, 2025
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဒေသခံပြည်သူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အပန်းဖြေပျော်ရွှင်စေရန်၊ နှစ်သစ်ကို သာယာချမ်းမြေ့စွာ ကြိုဆိုနိုင်ရန်နှင့် စိတ်ခွန်အားသစ်များရရှိရန် ရည်ရွယ်၍ ကျင်းပသည့် ၂၀၂၆ ခုနှစ် နှစ်သစ်ကူးအကြို တေးဂီတဖျော်ဖြေပွဲ တတိယနေ့ကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်းအမှတ် ၁ နှင့် ၂ ၌ ကျင်းပရာ ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
Dec 31, 2025
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ပြန်လည်ထူထောင်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 31, 2025
Naypyitaw State Academy၊ စီးပွားရေးပညာ မဟာဌာန၏ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို အဆိုပါတက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမ၌ ဒီဇင်ဘာ ၂၉ ရက်က နှစ်ပိုင်းခွဲ၍ ကျင်းပရာ Naypyitaw State Academy ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ (ဌာနမှူး) များ၊ ဆရာ ဆရာမများ၊ သင်တန်း၊ စီမံမှတာဝန်ရှိသူများ၊ ဝါဏိဇ္ဇဗေဒ၊ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု ပညာ၊ စာရင်းအင်းပညာ၊ ဘောဂဗေဒ၊ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုစီမံခန့်ခွဲမှုပညာနှင့် စီးပွားရေးပညာအထူးပြု ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
Dec 31, 2025
(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် သီဟဒီပအားကစားခန်းမ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါသီဟဒီပအားကစားခန်းမ၌ ကျင်းပသည်။
