Dec 28, 2025
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို ကျင်းပလျက်ရှိရာ ယနေ့နံနက် ၆ နာရီ တွင် မဲရုံများစတင်ဖွင့်လှစ်၍ ပြည်သူများအေးချမ်းစွာဆန္ဒမဲပေးလျက်ရှိသည်။ လက်ပံတန်းမြို့နယ်အတွင်း မဲရုံ ၁၄၂ ရုံ၌ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်(မဲအများဆုံး ရသူအနိုင်ယူစနစ်)၊ ကရင်တိုင်းရင်းသားလွှတ်တော်တို့အတွက် ပြည်သူများအေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိကြောင်းသိရသည်။
Dec 28, 2025
ယနေ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် မြန်မာနိုင်ငံ၏ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲပထမပိုင်းတွင် အများပြည်သူများ စနစ်တကျနှင့် လွတ်လပ်စွာ ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုလေ့လာရန်အတွက် နိုင်ငံတကာရွေးကောက်ပွဲလေ့လာရေးအဖွဲ့ဝင်များနှင့်သံတမန်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်စုစုပေါင်း ၁၃၉ ဦး တက်ရောက်စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
Dec 28, 2025
ကမ္ဘောဒီးယားနိုင်ငံ စာရေးဆရာအသင်း၏ ဖိတ်ကြားချက်အရ မြန်မာ၊ တရုတ်၊ လာအို၊ ဗီယက်နမ်နိုင်ငံတို့မှ စာပေယဉ်ကျေးမှုပူးပေါင်းဖလှယ်ရေး အစည်းအဝေးတက်ရောက်ရန် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)၊ အဖွဲ့ဝင် ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)၊ ဦးအောင်ကြည် (အောင်ကြည်ညွန့်-တက္ကသိုလ်)နှင့် ဦးစိုးမိုးနိုင် (နန်းအောင်လှိုင်)တို့သည် ရန်ကုန်မြို့မှ ဒီဇင်ဘာ ၂ဝ ရက်တွင် ထွက်ခွာပြီး ဒီဇင်ဘာ ၂၁ ရက်တွင် ဖနွမ်းပင်မြို့ Cambodia Japan Co-operation Centre ၌ ၎င်းတို့ နိုင်ငံ၏ ဒုတိယအကြိမ်မြောက် စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံအလိုက် စာရေးဆရာများ၏ စာပေဘဝခရီးအတွေ့အကြုံနှင့် ရသစာပေအထွေထွေအကြောင်း စကားဝိုင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌက “A writer is an embassador of culture and peace” ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးကာ စာပေပရိသတ်များ မေးမြန်းချက်များကို ပြန်လည်ဖြေကြားသည်။
Dec 28, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလ(စတုတ္ထပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ စုစုပေါင်းအင်အား ၃၈၀၀ ကျော် ပျော်ပျော်ရွှင်ရွှင် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြသည်။
Dec 28, 2025
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ
Dec 28, 2025
ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ
Dec 28, 2025
မန္တလေးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ
Dec 28, 2025
ပဲခူးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ
Dec 28, 2025
တနင်္သာရီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ
Dec 28, 2025
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ
Dec 28, 2025
ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ
Dec 28, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ယနေ့နံနက် ၆ နာရီမှစတင်၍ နိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပပြုလုပ်ရာ မဲဆန္ဒရှင်ပြည်သူများအားလုံးအနေဖြင့် သက်ဆိုင်ရာမဲရုံများတွင် ဆန္ဒမဲများပေးကြသည်။
Dec 28, 2025
ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ
Dec 28, 2025
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်အတွင်းသို့ ယာယီရွှေ့ပြောင်းနေထိုင်သူ ပြည်သူများအား ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ(၃)လစာ ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ဝါးခယ်မမြို့နယ် ရွှေခယ်သီရိခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ
Dec 28, 2025
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းအား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော် ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Dec 28, 2025
မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် စနစ်အမျိုးမျိုးကျင့်သုံးခဲ့ရာမှ ၁၉၈၈ ခုနှစ်တွင် ပြည်သူများတောင်းဆိုခဲ့သည့် ပါတီစုံဒီမိုကရေစီစနစ်ကို တပ်မတော်ကလမ်းခင်း ပုံဖော်ပေးခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် ပထမအကြိမ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ်တွင် ဒုတိယအကြိမ်ရွေးကောက်ပွဲတို့ကို လွတ်လပ်ပြီးတရားမျှတစွာ ကျင်းပခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများနှင့်အဓမ္မပြုလုပ်မှုများကြောင့် တပ်မတော်က နိုင်ငံတော်၏တာဝန်ကို ခေတ္တရယူ၍ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့သည်။
Dec 28, 2025
ယနေ့(၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့) မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့အထိသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလဖြစ်သည်။ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးတို့ကို လိုလားသည့် ပြည်သူများကလွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပခြင်းကို အားပေးထောက်ခံကြသော်လည်း NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖျက်သမားများနှင့် တိုင်းရင်းသားအမည်ခံထားကြသည့် အကြမ်းဖက်သောင်းကျန်းသူများ၊ အကြမ်းဖက်ထောက်ခံသူများကမူ ရွေးကောက်ပွဲကိုမလိုလား။
Dec 27, 2025
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲများကို ယနေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ခါကာဘိုရာဇီအစည်းအဝေးခန်းမ၌လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အစည်းအဝေးခန်းမ၌လည်းကောင်း အသီးသီးပြုလုပ်ရာ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Dec 27, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသို့ လာရောက်လေ့လာကြသည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများသည် ယနေ့နံနက် ၁၁:၀၀ နာရီတွင် လေကြောင်းခရီးဖြင့် နေပြည်တော်သို့ရောက်ရှိလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီဝင်(၁) ဗိုလ်မှူးကြီး ရဲမိုး၊ ပြည်ထောင်စုနယ်မြေနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
Dec 27, 2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်သည် ကာဇက်စတန်နိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌ H.E. Mr. Yerman Mukhtar အား ယနေ့နေ့လယ် ၁၃:၄၅ နာရီတွင် နေပြည်တော်ရှိ Jasmine Nay Pyi Taw Hotel ၊ ပုဂံဆောင် ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံသည်။
