Skip to main content

Mar 09, 2020

လှိုင်းဘွဲ မတ် ၉

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် နောင်သငဲ့ကျေးရွာတွင် (၃၄)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့အထိမ်း အမှတ်အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် သဘာပတိ ဦးခွန်သိန်းရွှေက အဖွင့်အမှာစကားပြောကြားပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးခွန်အောင်ခမ်းတီတို့ထံမှ ပေးပို့သော သဝဏ်လွှာကို ပအိုဝ်းတိုင်းရင်းသူ/သားများက ဖတ်ကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2020

ရန်ကုန် မတ် ၉

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဦးဝိစာရလမ်း၊ (၄၁) တိုးချဲ့ရပ်ကွက်၊ အမှတ်(B-2)တွင်  ယနေ့ နံနက် ၈ နာရီက ရုပ်ရှင်ရုံဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ရုပ်ရှင်ရုံဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရုပ်ရှင်အစည်းအရုံးနာယက အကယ်ဒမီဒါရိုက်တာ ဦးကြည်စိုးထွန်း၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီနေတိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ရုပ်ရှင်ရုံ ခန်းမအတွင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ အဖွင့်အမှာ စကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2020

ဖလမ်း မတ် ၉

ပြည်ထောင်စုသီးသန့်ရန်ပုံငွေ ကျပ်သန်း(၅၀၀၀)ဖြင့် Authentic Construction Company Ltd. က ဆောင်ရွက်သော လိုင်ဗားဆည်မှ ဖလမ်းမြို့သို့ ရေပေးဝေရေး ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈နာရီက ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက်၊ မြန်မာ့ဆက်သွယ်ရေး ရုံးအနီးရှိ အမှတ်(၄) ဂါလံ(၁)သိန်းဆံ့ ရေလှောင် ကန်ရှေ့ ၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2020

ဘားအံ မတ် ၉

ကရင်ပြည်နယ်အတွင်း ရှေးပဝေသဏီကတည်းက တိုင်းရင်းသားလူမျိုးများ အေးအတူပူအမျှအတူတကွ စုစည်းနေထိုင်လာခဲ့ကြရာ ယမန်နေ့ တပေါင်းလပြည့်နေ့တွင် ကျရောက်သော (၄၀)ကြိမ်မြောက် ကရင်ပြည်နယ် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား ကို ဘားအံ မြို့နယ်၊ လှာကမြင်ကျေးရွာအုပ်စု၊ မဲဘောင်ကျေးရွာတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တက်ရောက် အားပေးချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2020

ညောင်ရွှေ မတ် ၉

ပအိုဝ်းအမျိုးသားနေ့ပွဲတော် အခမ်းအနားကို မတ် ၈ ရက် (တပေါင်းလပြည့်နေ့) ညနေ ၄ နာရီခွဲအချိန် က ညောင်ရွှေမြို့နယ် တောင်ခြေကျေးရွာအုပ်စုရှိ ပတ္တမြားနဂါး သကြားစက်ရုံကွင်းပြင်၌ ကျင်းပ ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2020

လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) နှင့် စပ်လျဉ်း၍ ကမ္ဘာ တစ်ဝန်း ရောဂါကူးစက်ဖြစ်ပွားသည့် နိုင်ငံများ တစ်နိုင်ငံပြီး တစ်နိုင်ငံဆိုသလို ဆက်တိုက် များပြားလာနေသည်။ နိုင်ငံပြင်ပမှ ရောဂါကူးစက်ဝင်ရောက်လာခြင်း၊ နိုင်ငံအတွင်း၌လည်း ဆက်လက် ကူးစက်ပြန့်ပွားခြင်း နည်းလမ်းများဖြင့် ရောဂါကူးစက်ပြန့်ပွားမှု အခြေအနေများ ဖြစ်ပေါ်နေရာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ကူးစက်ပြန့်ပွားနိုင်မှု (Risk Assessment) အလွန်မြင့်မားသည့် အဆင့် (Very High) အဖြစ် တိုးမြှင့်သတ်မှတ်ထားပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2020

 

ရုပ်ရှင်သည် ခံစားမှုနှင့်နည်းပညာပေါင်းစပ်ထားသော ဆန်းကြယ်သော ပညာရပ်ဖြစ်သည်။ ရုပ်ရှင်ပေါ်ဦးစမှ ယနေ့မျက်မှောက်ကာလအထိထိုပညာ ရပ်သည်လူသားအားလုံးတို့ကို ဆွဲဆောင်ဖမ်းစားနေဆဲဖြစ်သည်။ ထို့ကြောင့် ရုပ်ရှင်အနုပညာကဏ္ဍမှ ကမ္ဘာ့လူသားများအား ကောင်းမွန်သော၊ ဆန်းပြားသော အနှစ်သာရများ ပေးစွမ်းနိုင်အောင် ကျန်ရစ်စေအောင် အစဉ်ကြိုးပမ်း အားထုတ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်