Mar 09, 2020
နေပြည်တော် မတ် ၈
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်တို့သည် မတ် ၆ ရက် မွန်းလွဲပိုင်းတွင် ပုသိမ်မြို့ ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်း မိုးကာလမရောက်မီ သဘာဝဘေး ကာကွယ်ရေးအတွက် တာတမံများ ကြံ့ခိုင်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြ သည်။
Mar 09, 2020
နေပြည်တော် မတ် ၈
ပညာရေးဝန်ကြီးဌာန၏ တိုင်းရင်းသား ဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်မှု အခြေအနေများ တွေ့ဆုံရှင်း လင်းဆွေးနွေးပွဲကို မတ် ၅ ရက်က မော်လမြိုင်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
Mar 09, 2020
မန္တလေး မတ် ၈
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေး ဗဟိုအကျဉ်းထောင်၌ အကျဉ်းကျလျက်ရှိသည့် ကျောင်းသား ကျောင်းသူ ၆၉ ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်းနှင့် ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများတွင် ဝိဇ္ဇာ ဘာသာတွဲ ဖြေဆိုမည့်သူ ၅၉ ဦး၊ သိပ္ပံဘာသာတွဲ ဖြေဆိုမည့်သူ ငါးဦးနှင့် ဝိပ္ပံဘာသာတွဲ ဖြေဆိုမည့်သူ ငါးဦး ပါဝင်ကြောင်းသိရသည်။
Mar 09, 2020
ရန်ကုန် မတ် ၈
မြန်မာ့တိုင်းရင်းဆေးသမားတော်များ နှင့် မြန်မာ့တိုင်းရင်းဆေးထုတ်လုပ် ရေးလုပ်ငန်းရှင်များ စုပေါင်းပြုလုပ် သည့် ဆဋ္ဌမအကြိမ် တပေါင်းလပြည့် မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ပန်ဒါ ဟိုတယ်၌ ကျင်းပရာ တိုင်းရင်းဆေး သမားတော်ကြီးများ၊ တိုင်းဒေသကြီး အဆင့် တိုင်းရင်းဆေးဦးစီးဌာနမှ တာ၀န်ရှိသူများ၊ တိုင်းရင်းဆေးပညာ ရှင်များ၊ တိုင်းရင်းဆေးဝါးထုတ်လုပ် သူများ တက်ရောက်ကြသည်။
Mar 09, 2020
စေတုတ္တရာ မတ် ၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ပံ့ပိုးကူညီမှုဖြင့် ဖွင့်လှစ်သော ကျေးရွာလျှပ်စစ်မီးလင်းရေးနှင့် ပြင်သစ်နိုင်ငံသား အလှူရှင် MICHEL Family (French)မှ လှူဒါန်းသော ရေရရှိရေးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက စေတုတ္တရာမြို့နယ် မုံညှင်းကျေးရွာအုပ်စု ကျောက်ပုံကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ သည်။
Mar 08, 2020
ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ၃၁ လမ်းနှင့် ၃၂ လမ်းကြား (အောက်ဘလောက်)တွင် “အားလုံးအတူတကွ ပူးပေါင်းပါဝင်သော လူမှုဝန်းကျင်” အမည်ရှိ ခေါင်းစဉ်ဖြင့် ဖန်တီးပုံဖော်ထား သည့် နောက်ဖေးလမ်းကြားဥယျာဉ်တစ်ခုကို ဖွင့်လှစ်လိုက်ရာ ရန်ကုန်မြို့တွင် နောက်ဖေးလမ်းကြားဥယျာဉ် စုစုပေါင်း ၁၁ ခု ရှိလာပြီဖြစ်သည်။ ယင်းသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ဒို့အိမ်အဖွဲ့၊ ရပ်ကွက်နေပြည်သူများ၊ စေတနာ့ဝန်ထမ်း လုပ်အားပေးသူ များနှင့် အလှူရှင်တို့၏ပူးပေါင်းအကောင် အထည် ဖော်မှုများမှ ပေါ်ထွက်လာသည့် ရလဒ်များပင်ဖြစ်သည်။
Mar 08, 2020
ရန်ကုန် မတ် ၈
ငွေကြေးလဲလှယ်နှုန်းကျဆင်းနေခြင်းနှင့်အတိုးနှုန်းထား မြင့်တက်နေခြင်းတို့ကို ဗဟိုဘဏ်အနေဖြင့် ဝင်ရောက် ထိန်းကျောင်းပေး ရန် လုပ်ငန်းရှင်များက အဆိုပြုထားကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူးချုပ် ဦးအေးဝင်းက ပြော သည်။
အခက်အခဲများ ကြုံတွေ့နေရ
Mar 08, 2020
နေပြည်တော် မတ် ၈
တပေါင်းလကို “နေ့ပူလို့ညချမ်း၊ တပေါင်းလသရမ်း” ဟု ဆိုစမှတ်ပြုကြ လေသည်။ တပေါင်းလသည် ဆောင်းကြွင်း နွေဦးလဖြစ် ကာ သစ်ပင်များသည် ရွက်ဟောင်းများစွန့်၍ ရွက်သစ်လွန်ကာ အညွန့်၊ အညှောင့်လေးများ ပေါ်ထွက် လာခြင်းဖြင့် တင့်တယ် သာယာ လှပေသည်။ “တပေါင်းသာခေါင်လများနောင်” ဟူသော ဆိုစကားနှင့်အညီ တပေါင်းလတွင် မြစ်ချောင်းများ ရေစစ်ကာ သောင်ခုံသဲပြင်များ ပေါ်ထွန်းသဖြင့် သဲပုံစေတီပွဲကျင်းပလေ့ရှိပြီး မြန်မာ နိုင်ငံအနှံ့အပြားတွင် ဘုရားပွဲတော်များ စည်ကား သိုက်မြိုက်စွာ ကျင်းပလေ့ ရှိကြသည်။
Mar 08, 2020
သထုံ မတ် ၈
၂၀၂၀ ပြည့်နှစ်၊ တပေါင်းလပြည့်နေ့တွင် ကျရောက်သည့် (၇၁) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို မတ်လ ၈ ရက်၊ နံနက်က မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြာပန်းကျေးရွာ၌ ပြည်နယ်အဆင့် အနေဖြင့် စည်ကားစွာကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီး များ တက်ရောက်ခဲ့ကြသည်။