Skip to main content

Mar 09, 2020

နေပြည်တော် မတ် ၉

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ်ရှိ ပက်တန်းကျေးရွာ၌ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် စက်မှုလယ်ယာဦးစီးဌာန၏ ငွေလုံးငွေရင်းအသုံးစရိတ် ပြည်ထောင်စု ရန်ပုံငွေဖြင့် စက်မှုလယ်ယာ စနစ်ကျလယ်မြေ ဧက ၁၅၀ ဖော်ထုတ်ရေးလုပ်ငန်းနှင့် တောင်သူ များထံ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို မတ် ၇ ရက် နံနက်ပိုင်းတွင် အဆိုပါ ကျေးရွာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2020

မန္တလေး မတ် 

မန္တလေးခရိုင်၊ ဆီစက်ပိုင်ရှင်များအသင်းမှ ဆီထွက်နှုန်းပိုမိုကောင်းမွန်သော အိန္ဒိယ မျိုးမြေပဲများအား ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသ တောင်လေးလုံးကျေးရွာအတွင်း စမ်းသပ်စိုက်ပျိုးထားရှိကြောင်း အဆိုပါအသင်းမှ အတွင်းရေးမှူး ဦးသန်းလွင်က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2020

ရန်ကုန် မတ် ၉

စာရေးဆရာမ တူးတူးသာ၏ “ဗန်တမာလမ်းက အလွမ်းခြေရာ” စာအုပ်မိတ်ဆက်ပွဲ ကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ရွှေဥ ဒေါင်းခန်းမ၌ ကျင်းပသည်။

စာအုပ်မိတ်ဆက်ပွဲတွင် ကဗျာဆရာ မောင်လင်းရိပ်၊ စာရေးဆရာမ ခင်မြဇင်၊ ကာတွန်းဆရာ ဇာနီဇော်ဝင်း တို့က အမှတ်တရစကားများ ပြောကြားကြသည်။

“ဝတ္ထုကို ၁၉၉၂ - ၁၉၉၄ ခုနှစ်အတွင်း ဂျီတီအိုင်ကျောင်းသားဘဝ ဖြတ်သန်းခဲ့တဲ့ လွမ်းမောပျော်ရွှင်ဖွယ်တွေကို ဝတ္ထုတစ်ပုဒ်အဖြစ် ရေးသားထားတာ ဖြစ်ပါတယ်” ဟု စာရေးဆရာမ တူးတူးသာက ပြောသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2020

ကျိုက်မ​​ရော မတ် ၉

​မော်လမြိုင်ခရိုင် ကျိုက်မ​ရော မြို့နယ် ပိန်းနဲကုန်း​ကျေးရွာ ကမ်းနားလမ်းရှိ ကတ္တရာလမ်းသစ် ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါလမ်းသစ်ဖွင့်ပွဲမဏ္ဍပ်၌ကျင်းပ ပြုလုပ်ရာ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ကရင် တိုင်းရင်းသား လူမျိုး​ရေးရာ ဝန်ကြီး ဦး​စော​အောင်မြင့်ခိုင်၊ ပြည်နယ်လွှတ်​တော် ကိုယ်စားလှယ်ဒေါ်ခင်မျိုးမြင့်၊ ဒုမြို့နယ်အုပ်ချုပ်​​ရေးမှူး ဦးဘုန်းမြင့်နိုင်၊​ ကျေးရွာလမ်းဖြစ်​မြောက်​ရေးအလှူရှင် ထားဝယ်ကျောင်းဆရာတော် ဘဒ္ဒန္တဦးဝါယမ တို့က လမ်းသစ်မုခ်ဦးအားဖဲကြိုးဖြတ်ဖွင့်လှစ်​ပေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2020

ဆိပ်ဖြူ မတ် ၉

မကွေးတိုင်းဒေသကြီး ၊ ဆိပ်ဖြူမြို့နယ်၊ ကဇွန်းမကျေးရွာတွင် စက်မှုနှင့် အသက်မွေးပညာ ရွေ့လျားသင်တန်း (အိမ်တွင်းလျှပ်စစ်  အခြေခံလျှပ်စစ်ပညာသင်တန်း) ကို ယနေ့ နံနက် ၁ဝနာရီခွဲက ကျေးရွာ ဘုန်းတော်ကြီး ကျောင်းဝန်း အတွင်းရှိ ဓမ္မာရုံ တွင် ဖွင့်လှစ်သည်။

အဆိုပါ သင်တန်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနတို့မှပူးပေါင်း၍ ဒေသခံ ပြည်သူအများအလုပ်အကိုင်အခွင့်အလမ်းများရရှိ၍ သက်မွေးပညာရပ်များဖြင့် လူ့စွမ်းအားအရင်အမြစ်များ ဖွံ့ဖြိုး တိုးတက် လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2020

ရေဦး မတ် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ချောင်းရှည်အုပ်စု ချောင်းနားကျေးရွာနှင့် တစ်ဆက်တစ်စပ်တည်း‌ရှိ  ကျေးရွာများဖြစ်သည့် သပြေကုန်း၊ အင်တိုင်း၊ ရွာသစ်ကျေးရွာတို့တွင် ယမန်နေ့ ညနေ ၅ နာရီက နိုင်ငံတော်ဓာတ်အားစနစ်ဖြစ် သော အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) နှင့် အစားထိုးကျေးရွာ မီးလင်းရေးအစီအစဉ်တို့ဖြင့်  ကျေးရွာမီးလင်းရေးဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2020

ဝေါ မတ် ၉

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယနေ့ မွန်းလွဲ(၁)နာရီအချိန်က ဝေါမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မိုးယွန်းကြီးခန်းမ၌ ဝေါမြို့နယ် ပြည်သူများနှင့်တွေ့ဆုံပြီး တိုင်ကြားတင်ပြစာ များအား ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2020

ရန်ကုန် မတ် ၉

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ဇုက္ကလိကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ဆကေသမဟာထူပဝင် သတ္တနာဝိက (ခေါ်) ဆံတော်ရှင်မြသိန်းတန် စေတီတော်ကို လုံးတော်ပြည့် ရွှေရောင်စတီးသင်္ကန်း ဆပ်ကပ်ခြင်း၊ ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် ရတနာ စိန်ဖူးတော် ဆက်ကပ်တင်လှူပူဇော်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော် ပရဝဏ်အတွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2020

မြန်မာနိုင်ငံတွင် ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များ၏ လူဦးရေပမာဏသည် လူငယ် အားလုံး၏ ထက်ဝက်ခန့်ရှိသည်။ လူငယ်လူရွယ်များသည် တိုင်းပြည်အနာဂတ်အတွက် အားထားရမည့် မျိုးဆက်သစ်များဖြစ်၍ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်