Skip to main content

Feb 05, 2020

နေပြည်တော် ဖေဖော်ဝါရီ ၅

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက်  ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2020

နေပြည်တော် ဖေဖော်ဝါရီ ၅

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော်  (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးစတုတ္ထနေ့ကို ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2020

မန္တလေး ဖေဖော်ဝါရီ ၅

အမေရိကန်ကုမ္ပဏီများနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအကြား ချိတ်ဆက်မှုရရှိစေရေးအတွက် အထောက်အကူပြုရန် ရည်ရွယ်၍ အမေရိကန်ကုန်သည်ကြီးများ အသင်းနှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ အမေရိကန် စီးပွားရေးပြပွဲ (U.S Business Showcase) ကို မန္တလေးမြို့၊ သိပ္ပံလမ်း ပေါ်ရှိ Mandalay Convention Center  တွင် ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2020

ထားဝယ် ဖေဖော်ဝါရီ ၅

ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့် ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၈ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပညာရေး ကောလိပ်ဘွဲ့နှင်းသဘင် ခန်းမ၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2020

မုံရွာ ဖေဖော်ဝါရီ ၅

၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် သစ်သီးဝလံနှင့်ပန်းမန်ပြိုင်ပွဲအား စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာ(ရွှေလိမ္မော်ကျွန်း)၌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနပြခန်းတွင် ဖေဖော်ဝါရီလ(၁၀)ရက်နေ့မှ (၁၂)ရက်နေ့အထိ  ကျင်းပသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2020

မူဆယ် ဖေဖော်ဝါရီ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့သည် တရုတ်နိုင်ငံခရီးသွားများ စိတ်ဝင်စားသည့် မြို့ဖြစ်သည့်အလျောက် တရုတ်နိုင်ငံခရီးသွား ဧည့်သည်များ နေ့စဉ်လာရောက် လာပတ်မှု များပြားလျက်ရှိရာ တရုတ်နိုင်ငံတွင် ဖြစ်ပွားသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် မူဆယ်မြို့သို့ တရုတ်နိုင်ငံ၊ ခရီးသွားဧည့်သည် လာရောက်လည်ပတ်မှု လျော့နည်းလာကြောင်း မူဆယ်မြို့၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန မူဆယ်ရုံးခွဲမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2020

ကြိုတင်ကာကွယ်ခြင်း

ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ ကောင်းသည်ဟု ဆိုရိုးစကားရှိပါသည်။ ပြစ်မှုများ မဖြစ်ပွားရန် ကြိုတင်ကာကွယ်ခြင်း လိုအပ်ပါသည်။ ငြိမ်ဝပ်အေးချမ်းစွာ နေထိုင်ရန်နှင့် ကောင်းစွာကျင့်ကြံ အသက်မွေးဝမ်းကျောင်းပြုရန် ပြည်သူပြည်သားတိုင်း၊ နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ပါသည်။ ထိုတာဝန်ကျေပွန်ရန် တရားဥပဒေက ကာကွယ်စောင့်ရှောက်ပါသည်။

ရာဇဝတ်ကျင့်ထုံးပုဒ်မ ၁၀၆ (၁)

ဆက်လက်ဖတ်ရှုရန်

Feb 05, 2020

ရန်ကုန်မြို့ ကျိုက္ကဆံကွင်းအတွင်း ကျင်းပနေသည့် သွေးချင်းတို့ရဲ့ ပွဲတော်ဆီပွဲတော်တွင် “အောင်အနုပညာလုပ်ငန်း” မှ ဖန်တီးပြသထားသည့် မြန်မာ့အနုပညာလက်ရာပစ္စည်းများ၊ မြန်မာတို့ လေးစားဂုဏ်ယူရသည့် သူရဲကောင်းများ၏ မြင်းစီးရုပ်တုများကို ကြည့်ရှုဖြတ်ကျော်ပြီးသည်နှင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုပြခန်းများ၊ ရိုးရာစားသောက်ဆိုင်များ၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ ခင်းကျင်းပြသထားမှုမှာ တိုင်းရင်းသား ကမ္ဘာကြီးထဲသို့ ရောက်ရှိလည်ပတ်ရသလို စိတ်ခံစားမှုကို ရရှိစေမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2020

နေပြည်တော် ဖေဖော်ဝါရီ ၄

ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလ အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစော သည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်းမှ တာဝန်ရှိသူများအား ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံရေးအကျဉ်းသားများ၏ အခွင့်အရေးနှင့် ကာကွယ်ပေးရေးစာချုပ်ပါ အကြောင်းအရာများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပြန်လည်ကုစားပေးရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်

ဆက်လက်ဖတ်ရှုရန်