Skip to main content

Aug 19, 2024

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဗလသိဒ္ဓိရပ်ကွက်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ မင်္ဂလာသိဒ္ဓိရပ်ကွက်တို့ရှိ အရာထမ်း၊ အမှုထမ်းအိမ်ရာများနှင့် အဆောင်များသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် သီရိလင်္ကာနိုင်ငံကိုလံဘိုမြို့၌ သြဂုတ် ၂ဝ ရက်မှ ၂၁ ရက်အထိကျင်းပမည့် မြန်မာဆရာတော်ကြီး ဘဒ္ဒန္တဝိနယာလင်္ကာရ တည်ထောင်တော်မူခဲ့သော မြန်မာ့ဂုဏ်ဆောင် မ ကုဋာရာမ မြန်မာကျောင်းတိုက်ကြီး၏ နှစ်တစ်ရာပြည့် အထိမ်းအမှတ်အခမ်းအနားနှင့် အခြားသာသနာရေးဆိုင်ရာ အခမ်းအနားများ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ သီရိလင်္ကာနိုင်ငံကိုလံဘိုမြို့သို့ လေကြောင်းခရီးဖြင့်ထွက်ခွာရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2024

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ဓာတုနည်းပညာ သုတေသနဗဟိုဌာနတွင် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေစီမံကိန်း(၂၀၂၀)ဖြင့် MSME စားသောက်ကုန်လုပ်ငန်းရှင်များကို သင်တန်းများပေးခြင်း၊ နည်းပညာများကို ပံ့ပိုးလွှဲပြောင်းပေးခြင်းနှင့် ကုန်ကြမ်းပေး-ကုန်ချောယူ ဝန်ဆောင်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် အဆိုပါဌာနရှိ လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုအား‌ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2024

ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ဟံသာဝတီအဝိုင်း၌လည်းကောင်း၊ ဗဟန်းမြို့နယ် ဦးထောင်ဘိုအဝိုင်း၌လည်းကောင်း၊ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်ရှေ့၌လည်းကောင်း၊ စမ်းချောင်း မြို့နယ်ပဒုမ္မာကွင်းရှေ့၌လည်းကောင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးအတွက် ပြည်သူလူထုအသိပညာပေး Bill Board များ စိုက်ထူထားရှိမှုကို လှည့်လည်ကြည့်ရှု အားပေးကာ တာဝန်ရှိသူများအား လူစည်ကားရာ လမ်းဆုံလမ်းခွများတွင် အသိပညာပေး Bill Board များ ထပ်မံစိုက်ထူထားရှိရေးနှင့် Bill Board များ ခိုင်ခံ့မှုရှိစေရေး စနစ်တကျစစ်ဆေးကြပ်မတ် ဆောင်ရွက်ရန်မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2024

မြန်မာ့ပန်းချီ၊ ပန်းပုဈေးကွက်အတွင်း‌ အခန်းအလှဆင်ရာတွင် အသုံးများသည့် ပန်းချီကားအမျိုးအစားများအနက် ကနုကမာပန်းချီကားများကို စိတ်ဝင်စားသူများနေကြောင်း ပန်းချီ၊ ပန်းပုနှင့် မြန်မာမှုအနုပညာလက်ရာ အမျိုးမျိုးအရောင်းဈေးကွက်မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2024

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အလွတ်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲ၊ တက္ကသိုလ်အဆင့် ပန်းချီပြိုင်ပွဲနှင့် အခြေခံပညာအဆင့် စာစီစာကုံးပြိုင်ပွဲတို့ကို “အနာဂတ်မှာကြံ့ကြံ့ခံနိုင်ဖို့၊ မျိုးဆက်သစ်တို့ စွမ်းအားမြှင့်တင်စို့” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဆုရရှိသူများအား နေပြည်တော်တွင် ကျင်းပမည့် အထိမ်းအမှတ်အခမ်းအနားနေ့တွင် ဆုငွေနှင့် ဆုတံဆိပ်များ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2024

မအူပင်ခရိုင် ညောင်တုန်းမြို့နယ် ဇီးဖြူကျွန်းကျေးရွာရှိ MiMi Motors ကုမ္ပဏီ၌ လျှပ်စစ်စက်ဘီး (E-Bike)နှင့် သုံးဘီးဆိုင်ကယ်များကို ဘက်ထရီကြိုးနှင့် မိန်းကြိုးတပ်ဆင်နေမှု၊ ကာဗာတပ်ဆင်နေမှု၊ လက်ကိုင်ကိုင်းတပ်ဆင်နေမှု၊ ပစ္စည်းတစ်ခုချင်းအလိုက် တပ်ဆင်နေမှုနှင့် ကုမ္ပဏီမှတာဝန်ရှိသူများနှင့် ဝန်ထမ်းများက လျှပ်စစ်စက်ဘီး (E-Bike)နှင့် သုံးဘီးဆိုင်ကယ်အား လက်တွေ့စီးနင်းမောင်းနှင်ပြသမှုများကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ယမန်နေ့ ညနေပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2024

ဩဂုတ် ၁၇ ရက် ညနေ ၄ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘားအံမြို့နယ် အိန္ဒဲကျေးရွာအုပ်စု ကော့ခမိတ်ကျေးရွာအနီး၌ ဝင်းနိုင်မိုး (ခ) ကျော်ခွေး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ဝင်းနိုင်မိုး (ခ) ကျော်ခွေး (၃၀) နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။        

ဆက်လက်ဖတ်ရှုရန်

Aug 19, 2024

ဩဂုတ် ၁၆ ရက် နံနက် ၁၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ချမ်းမြသာစည်မြို့နယ် ၁၁၀ လမ်းနှင့် ၄၉ လမ်းထောင့်တွင် မသင်္ကာဖွယ်တွေ့ရှိသူ စိုင်းခမ်းလိန်အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါး Happy Water သုညဒသမ ၁ ကီလို သိမ်းဆည်းရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2024

ဩဂုတ် ၁၇ ရက် မွန်းလွဲ ၃ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ အိုက်ကျန် (ခ) အစိမ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်ဧည့်ခန်းအတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၂,၀၀၀၊ အိုက်စ် ၃၈ ဒသမ ၉၅ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် အိုက်ကျန် (ခ) အစိမ် (၂၈) နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2024

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများသည် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်ရန်အတွက် မိမိတို့စာမေးပွဲဖြေဆိုခဲ့သော စာစစ်ဌာနကြီးကြပ်ရေးမှူးများ (အခြေခံပညာအထက်တန်း ကျောင်းအုပ်ကြီးများ) ထံတွင် အမှတ်စာရင်း၊ အရည်အချင်းမှတ်တမ်းချုပ်ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမည့် ပုံစံစာအိတ်ကို ဩဂုတ်လ(၂၆)ရက် (တနင်္လာနေ့) မှစ၍ ကိုယ်တိုင်ထုတ်ယူကြရန်ဖြစ်ပါသည်။ အဆိုပါတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ အိတ်ကို ဩဂုတ်လ (၂၆) ရက်မှ စက်တင်ဘာလ (၁၂) ရက်အထိ စနေနေ့၊ တနင်္ဂနွေနေ့နှင့် ရုံးပိတ်ရက်များအပါအဝင် (ပိတ်ရက်မရှိ) အောက်ပါတက္ကသိုလ်များတွင် လက်ခံမည်ဖြစ်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Aug 19, 2024

၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2024

၁။ ပြည်သူအတွက်ဟု သုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူကိုသတ်ဖြတ်၊ လုယက်ခြင်းကို CRPH ၊ NUG ၊ PDF အမည်ခံအကြမ်းဖက်အုပ်စုများက ဥပဒေမဲ့ကျူးလွန်နေသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2024

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများ လူမှုစီးပွားဘဝမြင့်မားစေရေး၊ အချိန်မီထွန်ယက်စိုက်ပျိုးပြီး စိုက်ပျိုးသီးနှံအထွက်တိုးကာ ဈေးကောင်းရရှိစေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့်ညီမျှသော သွင်းအားစုဓာတ်မြေဩဇာများကို မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းကိုးသင်းဖြစ်သည့် ပန်းဘဲတန်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းမှ အသင်းသား ၂၂ ဦး၏ စိုက်ဧက ၁၂၃ ဧကအတွက် တန်ဖိုးငွေကျပ် ၂၄ ဒသမ ၆ သန်း၊

ဆက်လက်ဖတ်ရှုရန်

Aug 19, 2024

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ဩဂုတ် ၁၆ ရက် နံနက်ပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဧရာဝတီရိပ်သာ အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနလက်အောက်ရှိ ဌာနအဖွဲ့အစည်းများမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2024

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးရှိ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်နှင့် ရန်ကုန်အနောက် ပိုင်းနည်းပညာတက္ကသိုလ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2024

ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် ၁/၂၀၂၄ ပါ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း (၂၀)၏ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး ၅၃၃ နေရာရွေးချယ်ပေးရေးအတွက် ရေးဖြေစာမေးပွဲကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေး မြို့၊ မကွေးမြို့နှင့် မော်လမြိုင်မြို့များရှိ စာစစ်ဌာနငါးခု၌ ဩဂုတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် တစ်ပြိုင်တည်းကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဩဂုတ် ၁၇ ရက်နှင့် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့နှင့် သက်ဆိုင်ရာဒေသများ၌ တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါး၊ မိုးစပါးစီမံကိန်းနှင့် ဆီထွက်သီးနှံစီမံကိန်းများ လုပ်ငန်းဆိုင်ရာများ၊ နေကြာသီးနှံနှင့် ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး၊ မေထုန်မဲ့သားစပ်လုပ်ငန်းများဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရေး ဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည့် (၉) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယနေ့ညပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2024

မြန်မာတို့၏ ဆယ့်နှစ်လရာသီတွင် ထူးကဲသောလပြည့်နေ့ အသီးသီးရှိကြရာ၌ ဝါခေါင်လပြည့်နေ့သည် မေတ္တာဓာတ်များလွှမ်းခြုံပတ်၍ ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းပေးနိုင်သည့် နေ့မြတ်ဖြစ်ပေသည်။ ဝါခေါင်လပြည့်နေ့တွင် ဗုဒ္ဓမြတ်စွာဘုရားရှင်က မေတ္တသုတ်တရားတော်ကို ထုတ်ဖော်ဟောကြားသည့် ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) ဟူ၍ သတ်မှတ်ခဲ့ကြပြီး ကောင်းမှုအထူးတို့ကို ပြုလုပ်ကြသည်။

ဆက်လက်ဖတ်ရှုရန်