Aug 16, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Aug 16, 2024
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။
Aug 16, 2024
ရေနစ်မြုပ်မှုကြောင့် ပြန်လည်စိုက်ပျိုးရန်လိုအပ်သည့် စပါးစိုက်ခင်းများကို အတိုးမဲ့မျိုးစပါးနှင့် ဓာတ်မြေဩဇာဖိုးငွေကူညီပေးရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားသည်။
Aug 16, 2024
ကိုဗစ် - ၁၉ ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော စီးပွားရေးလုပ်ငန်းများအား ကိုဗစ် - ၁၉ ရန်ပုံငွေမှ ချေးငွေသက်တမ်း ၁ နှစ် (အတိုးနှုန်း ၁ %) ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီ လမှစတင်၍ ချေးငွေများ ထုတ်ချေးခဲ့ပါသည်။
Aug 16, 2024
မြန်မာနိုင်ငံပြန်တမ်း
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ပြောင်းရွှေ့ခန့်ထားခြင်း
Aug 16, 2024
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း(Corruption Risk Assessment-CRA) နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ သင်တန်းနည်းပြဆရာမများ၊ သင်တန်းသားသင်တန်းသူများနှင့် အရာထမ်းအမှုထမ်းများ တက်ရောက်ကြသည်။
Aug 16, 2024
မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန ရုံးအမှတ်(၅၁) စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပရာ NSSA ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် အဖွဲ့ဝင်များ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ(ACC)၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုလေ့ကျင့်ရေးကော်မတီ၊ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှုစံသတ်မှတ်ရေးကော်မတီတို့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Aug 16, 2024
အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ၏ ပဉ္စမအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ-၁ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဥက္ကဋ္ဌ-၂ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် အဖွဲ့ဝင်များ၊ အထောက်အကူပြုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများနှင့် ဥပဒေရေးဆွဲရေးအဖွဲ့ငယ် အဖွဲ့ခေါင်းဆောင်များ တက်ရောက်ကြသည်။
Aug 16, 2024
မြောင်းမြအကျဉ်းထောင်တွင် ထောင်အရာရှိနှင့် တန်းစီးများက နိုင်ငံရေးအကျဉ်းသားများအား ဖိနှိပ်နေ ခေါင်းစဉ်ဖြင့် Tachileik New Agency အမည်ခံ Facebook Page ၌ ဩဂုတ် ၁၃ ရက်က သတင်းတု၊ သတင်းမှားများ မဟုတ်မမှန်စွပ်စွဲ ရေးသားဖော်ပြခဲ့ကြောင်း တွေ့ရှိရသည်။
Aug 16, 2024
ပညာရေးဝန်ကြီးဌာန Naypyitaw State Academy ၏ အမှတ်စဉ်(၂) ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘက်စုံခန်းမ၌ ကျင်းပရာ Naypyitaw State Academy ၏ ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးစိုးအောင်၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ သင်တန်းနည်းပြနှင့် သင်တန်းသား သင်တန်းသူများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
Aug 16, 2024
၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျန်းမာရေးဝန်ကြီးဌာနရုံး အမှတ် (၄) Meeting Hall ၌ ကျင်းပသည်။
Aug 16, 2024
၂၀၂၄ ခုနှစ် (၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပပြီး တင်ဒါအမှတ်(၅)နှင့် တင်ဒါအမှတ်(၆)တို့မှ ပုလဲအတွဲပေါင်း ၂၄၀ နှင့် တင်ဒါမအောင်မြင်ခဲ့သည့် ပုလဲအတွဲများကို တင်ဒါဖွင့်ဖောက်ရောင်းချခဲ့ကာ မြန်မာ့တောင်ပင်လယ်ပုလဲ ရောင်းချပွဲ အောင်မြင်စွာကျင်းပပြီးစီးခဲ့သည်။
Aug 16, 2024
ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရုံးအမှတ်(၁၆) အစည်းအဝေး ခန်းမ၌ကျင်းပရာ ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ကိုယ်စားလှယ်များ၊ ဦးဆောင်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Aug 16, 2024
စက်မှုဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနရုံးအမှတ်(၃၇)၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
Aug 16, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ဩဂုတ် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံလူမှု - ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ၏ မျက်နှာစုံညီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ညပိုင်းက လေကြောင်းခရီးဖြင့် ဗီယင်ကျန်းမြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
Aug 16, 2024
သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် ကျောင်းသားများ၏ စိတ်ခွန်အားနှင့် လေ့လာစူးစမ်းလိုစိတ်များကို မြှင့်တင်ပေးနိုင်ကာ ထွန်းသစ်စနျူကလီးယားနည်းပညာဆိုင်ရာ လူငယ်ပညာရှင်များကို အရည်အသွေးပြည့်မီစွာ ပေါ်ထွန်းလာစေပြီး နိုင်ငံတော်တွင် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုမှုကဏ္ဍဖွံ့ဖြိုးမှုမှသည် ရေရှည်အကျိုးစီးပွားများ တိုးတက်လာစေရေး အထောက်အကူပြုနိုင်ရန် အဓိကရည်ရွယ်လျက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းအေဂျင်စီ (ROSATOM) တို့ပူးပေါင်းဆောင်ရွက်သော သိပ္ပံပွဲတော် ၂၀၂၄ (Science Festival 2024) ကို ယခုလ ၁၅ ရက်နေ့မှစ၍ ရန်ကုန်မြို့ရှိ နျူကလီးယား နည်းပညာ သတင်းအချက်အလက်စင်တာ၊ ရန်ကုန်နည်း ပညာတက္ကသိုလ်နှင့် စင်ကာပူမြန်မာ သက်မွေးပညာသင်တန်း ကျောင်းတို့တွင် ရက်အလိုက် အစီအစဉ်များခွဲ၍ အသီးသီးကျင်းပလျက်ရှိသည်။
Aug 16, 2024
ဆိုက်ဘာလုံခြုံရေး ဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးအတွက် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 16, 2024
ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ROSATOM” နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် သိပ္ပံပွဲတော် ၂၀၂၄ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာများ၌ ကျင်းပသည်။
Aug 16, 2024
မိတ်ဆွေကောင်းဟူသည် ဒုက္ခအခက်အခဲ ကြုံတွေ့နေချိန်တွင် ရှောင်ဖယ်မသွားဘဲ စိတ်ရောကိုယ်ပါ တတ်နိုင်သမျှကူညီပေးသူဖြစ်သည်။ အိမ်နီးချင်းကောင်းဟူသည် အိမ်နီးနားချင်းအချင်းချင်း အကြောင်းကိစ္စကြီးငယ်ရှိပါက မျက်နှာလွှဲဥပေက္ခာမပြုဘဲ တတ်နိုင်သမျှ ဖေးမကူညီပေးသူဖြစ်သည်။ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းဟူသည် ကိုယ်နှင့်ထပ်တူ ကြီးပွားတိုးတက်ရေးကို လိုလားသူဖြစ်သည်။ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းသည် ထာဝရမိတ်ဆွေ၊ ယုံကြည်စိတ်ချရသော မိတ်ဆွေဖြစ်သည်။
